သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပတ်(စ်)ပို့ပါမြေပုံ ဖိလစ်ပိုင်ကန့်ကွက်


China
China
တရုတ်နိုင်ငံကူး လက်မှတ် အသစ်ပေါ်မှာ တွေ့ရတဲ့ မြေပုံထဲမှာ တောင်တရုတ် ပင်လယ်ပြင်ဒေသ
တခုလုံးကို တရုတ် ပိုင်နက်အဖြစ်နဲ့ ဖော်ပြထားတဲ့ အတွက် ဖိလစ်ပိုင်နိုင်ငံက ကန့်ကွက်
လိုက်ပါတယ်။ ဒီပိုင်နက်ဖော်ပြချက်ထဲမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေနဲ့ မြေပိုင်နက်တချို့ပါ ပါဝင်နေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ဒေသက ရေပြင်ပိုင်နက်ပြဿနာဟာ တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား ကာလကြာရှည်စွာ ဖြစ်ပေါ်နေတာပါ။ တရုတ်က အဲ့ဒီ့ဒေသတခုလုံးကို ပိုင်ဆိုင်တယ်လို့ ကြွေးကြော်နေတာမို့ ဒီဒေသမှာ တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ သင်္ဘောသွားလာမှု ဆိုင်ရာ ထိပ်တိုက်တွေ့ကြပြီး ပြဿနာတွေ အခုထိ တင်းတင်းမာမာဖြစ်ပွားနေဆဲပါ။

ဒီရေပြင်မှာ ဖိလစ်ပိုင်အပြင် ဗီယက်နမ်၊ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံတို့ကလည်း တရုတ်နဲ့ ရေပြင်ပိုင်နက်အငြင်းပွားမှုတွေဖြစ်နေပါတယ်။ ရေပြင်အကျယ်စတုရန်းမိုင်- တစ်သန်းသုံးသိန်းခွဲ ကျယ်တဲ့ ဒီရေပြင်ဟာ ကမ္ဘာ့ရေကြောင်းသွားလာရေးမှာ အများဆုံးသုံးတဲ့နေရာဖြစ်သလို ငါးသယံဇာတနဲ့ စွမ်းအင်ဆိုင်ရာ သယံဇာတတွေ အများအပြားထွက်တဲ့နေရာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG