သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် နှစ်သစ်ကူး ဆင်နွှဲ


တရုတ် နှစ်သစ်ကူး ဆင်နွှဲ
တရုတ် နှစ်သစ်ကူး ဆင်နွှဲ

ဒီကနေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ပါ။ အာရှနဲ့ ကမ္ဘာတလွှားမှာ မီးရှူးမီးပန်းတွေ ဖောက်ပြီး တရုတ် နှစ်သစ်ကူးပွဲတော်တွေကို ဆင်နွှဲနေကြပါတယ်။ တရုတ်ရိုးရာ ပြက္ခဒိန်အရ ဒီနှစ်ဟာ နဂါးနှစ်ပါ။ ဒဏ္ဍာရီဆန်တဲ့ နဂါးသင်္ကေတဟာ အင်အားကောင်းမွန်တဲ့သဘော၊ သစ္စာရှိတဲ့သဘောနဲ့ ကံကောင်းတဲ့ သဘောတွေ ဆောင်တယ်လို့ ယုံကြည်ကြပြီး နဂါးနှစ်မှာ မွေးဖွားသူတွေဟာ အဲဒီအရည်အချင်းတွေ ရှိလိမ့်မယ်လို့လည်း ယုံကြည်ကြပါတယ်။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကတော့ သူ့နိုင်ငံမှာ ကလေးတွေပိုပြီး မွေးဖွားလိမ့်မယ်။ ဒီနှစ်ဟာ အားကောင်းတဲ့နှစ် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စင်္ကာပူနိုင်ငံမှာက ကလေးမွေးဖွားနှုန်း ကျဆင်းနေပါတယ်။ တခြား အာရှနိုင်ငံတွေမှာလည်း ကံကောင်းမယ်၊ သတ္တိကောင်းမယ်၊ ကြီးပွား ချမ်းသာမယ် ဆိုတဲ့အမြင်နဲ့ နဂါးနှစ်ဖွား ကလေးတွေ ရှိလာဖို့ မျှော်လင့်နေကြပါတယ်။

တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားမှာတော့ အမေရိကန် သန်းကြွယ်သူဌေးကြီး Warren Buffett က Ukulele လို့ခေါ်တဲ့ ဟာဝေယံ ဂီတာအသေးတစ်လုံးကို တီးခတ်ပြီး သီချင်းဆိုနေတာကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ လူကြိုက်များလှတဲ့ တရုတ်နှစ်သစ်ကူး ရုပ်မြင်သံကြား အစီအစဉ်မှာ အမေရိကန် ကျေးလက်ရိုးရာ တေးသီချင်းတစ်ပုဒ်ကို သီဆိုခဲ့တာပါ။ တရုတ်လူမျိုးတွေအတွက် ပျော်ရွှင်တဲ့ နဂါးနှစ်သစ် ဖြစ်ပါစေလို့လည်း သူက ဆန္ဒပြုခဲ့ပါတယ်။

XS
SM
MD
LG