သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးဖမ်းသမား ၃၀ ခန့် မြောက်ကိုရီးယားတွေ ပြန်ပေးဆွဲ


မည်သူမည်ဝါဆိုတာ မသိရတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေက တရုတ်ငါးဖမ်းသမား ၂၉ ယောက်ကို ပင်လယ်ဝါအတွင်းမှာ ပြန်ပေးဆွဲသွားကြောင်း တရုတ် မီဒီယာတွေမှာ ဖေါ်ပြနေကြပါတယ်။ ပြန်ပေးသမားတွေက ဒီလူတွေကို ပြန်လွှတ်ပေးဖို့အတွက် ငွေကြေး တောင်းခံထားတယ်လို့ ဆိုပါတယ်။

လက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယား ရေယာဉ်တစီးဟာ တရုတ်နိုင်ငံပိုင် ပင်လယ်ဝါအတွင်းမှာ ငါးဖမ်းနေတဲ့ တရုတ်ငါးဖမ်း စက်လှေ သုံးစီးမှာ အလုပ်လုပ်ကိုင်နေသူ တရုတ်ငါးဖမ်းသမား ၂၉ ယောက်ကို မေလ ၈ ရက် နေ့က ဖမ်းဆီးလိုက်ပြီးနောက် သူတို့ကို မြောက်ကိုရီးယားပိုင် နယ်နမိတ် အတွင်းကို ခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးဖို့အတွက် ဒေါ်လာ ၂ သိန်း နီးပါးပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြုံယမ်းမှာရှိတဲ့ မြောက်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုလိုက်ပြီး ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့် ကြောင်းလည်း ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အလွန်အရေးပါတဲ့ စီးပွားရေးနဲ့ သံတမန်ရေးရာ ထောက်ခံမှုပေတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ မကြာခင်နှစ်တွေအတွင်း တရုတ်နိုင်ငံက ငါးဖမ်းသင်္ဘောတွေဟာ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ အငြင်းပွားနေတဲ့ ရေပိုင်နက် ဒေသအတွင်း အခြေအတင်ပြဿနာတွေ တော်တော်များများ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG