သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအတွက် ငွေခဝါချပေးမှုနှင့် တရုတ်ကုမ္ပဏီကို ကန် ဒဏ်ခတ်


မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်လုပ်ဆောင်ခဲ့သည်နေရပြမြေပုံ
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်လုပ်ဆောင်ခဲ့သည်နေရပြမြေပုံ

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ကူညီထောက်ပံ့မှုပြုလုပ်ခဲ့တဲ့ တရုတ် ကုမ္ပဏီ တခုကို ရာဇဝတ်မှုနဲ့ အရေးယူလိုက်ပြီး စီးပွားရေးဒဏ်ခတ်အရေးမှုတွေ ချမှတ်လိုက်ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာပါတယ်။

Dandong Hongxiang (DHID) စက်မှုဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်၊ ကုမ္ပဏီရဲ့ ဥက္ကဌ အမျိုးသမီး Ma Xiaohang နဲ့ တခြား ကုမ္ပဏီ ထိပ်တန်း အုပ်ချုပ်ရေးမှုး ၃ ယောက်တို့ကို အမေရိကန် ငွေကြေးဆိုင်ရာအဖွဲ့အစည်းကို အသုံးပြုပြီး ငွေကြေးခဝါချမှု အပါအဝင် မြောက်ကိုရီးယား နိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖောက်ဖျက်ရာမှာ လျှို့ဝှက်ပူးပေါင်း ကြံစည်မှု အရေးယူလိုက်ပါတယ်။

DHID ကို မြောက်ကိုရီးယား နျူကလီးယား လက်နက်အစီအစဉ် အတွက် ငွေကြေးအထောက်ကူ ပေးနေတယ်လို့ သံသယရှိနေတဲ့ Kwangson Banking Corporation နဲ့ ဆက်နွယ်ပတ်သက်နေမှုနဲ့ တရုတ်အစိုးရ အာဏာပိုင်တွေ ကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ကုမ္ပဏီ ဥက္ကဌ Ma Xiaohang ကို တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့လအတွင်း ကတည်းက ထိန်းသိမ်း ထားခဲ့တာပါ။

"ဒါဟာ ကျနော်တို့နဲ့ တရုတ်နိုင်ငံအကြား ပူးပေါင်းလုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ကျနော်တို့နဲ့ သက်ဆိုင်တဲ့ အကျိုးစီးပွားကိစ္စ ဖြစ်တယ်ဆိုတဲ့အမြင် နှစ်နိုင်ငံစလုံးမှာ ရှိကြပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် ကြီးမားတဲ့ ဖိအား ပေးနေကြတာ ဖြစ်ကြောင်း " အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယ ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner ကလည်း တနင်္လာနေ့မှာ ပြောကြား လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG