သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သံတမန် ကိုရီးယား ကျွန်းဆွယ်အရေး ကင်မ်ဂျုံအီလ်နဲ့ ဆွေးနွေး


တရုတ်အစိုးရ ထိပ်တန်းအရာရှိ ဒိုင်ဘင်ဂေါင်း (ဝဲ) နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်(ယာ) တို့ ပြုံယမ်းတွင် တွေ့ဆုံဆွေးနွေးနေစဉ်။ ဒီဇင်ဘာ ၉၊ ၂၀၁၀။
တရုတ်အစိုးရ ထိပ်တန်းအရာရှိ ဒိုင်ဘင်ဂေါင်း (ဝဲ) နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်(ယာ) တို့ ပြုံယမ်းတွင် တွေ့ဆုံဆွေးနွေးနေစဉ်။ ဒီဇင်ဘာ ၉၊ ၂၀၁၀။

အဆင့်မြင့် တရုတ်သံတမန် တဦးနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (Kim Jong Il) တို့ကြားမှာ ပွင်းလင်းပြီး နက်နဲတဲ့ စကားပြောမှုတွေ လုပ်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းက ဆိုပါတယ်။

တရုတ်အစိုးရ ထိပ်တန်းအရာရှိ ဒိုင်ဘင်ဂေါင်း (Dai Bingguo) နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ်တို့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ တွေ့ဆုံကြတဲ့အခါ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကိုရီးယားကျွန်းဆွယ် လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောတူညီမှု ရခဲ့တယ်လို့ ဒီနေ့ထုတ် ဆင်ဟွာသတင်းထဲမှာ ရေးသားထားတာပါ။

တရုတ်အနေနဲ့ မိမိဩဇာကို သုံးပြီး သူတို့ရဲ့ မဟာမိတ်ဖြစ်တဲ့ မြောက်ကိုရီးယား အပေါ်မှာ စည်းရုံးနားချဖို့ နိုင်ငံတကာက ဖိအားပေးနေကြတာပါ။

ဂျပန်နိုင်ငံက တိုကျိုမြို့တော်မှာ ရောက်နေတဲ့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ်မူလန် (Mike Mullen) ကလည်း မြောက်ကိုရီးယားက နောက်ထပ် ရန်စတိုက်ခိုက်မှုတွေ လုပ်လာရင် ဂျပန်အနေနဲ့ အမေရိကန်၊ ကိုရီးယားတပ်တွေနဲ့ လက်တွဲဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အရင်လအတွင်း မြောက်ကိုရီးယားက တောင်ကိုရီးယား ကျွန်းတကျွန်းကို အမြောက် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ကတည်းက နှစ်ဘက်ကြား ခြိမ်းခြောက်မှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေ တဘက်ကိုတဘက် လုပ်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG