သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား နည်းပညာသစ် တရုတ်ဖော်ထုတ်


နျူကလီးယား နည်းပညာသစ် တရုတ်ဖော်ထုတ်
နျူကလီးယား နည်းပညာသစ် တရုတ်ဖော်ထုတ်

တရုတ်နိုင်ငံက စမ်းသပ် နျူထရွန် ဓာတ်ပေါင်းဖိုတခုကို ပထမဆုံးအကြိမ် စမ်းကြည့်ပြီးတော့ နျူကလီးယား နည်းပညာမှာ ရှေ့တိုး လုပ်ဆောင်နိုင်ပြီလို့ ပြောလိုက်ပါတယ်။

ဘေဂျင်းမြို့တော် အပြင်ဘက်က ဓာတ်ပေါင်းဖိုလေး တခုကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ ကြာသပတေးနေ့မှာ ဓာတ်အားလိုင်းကြောင်းနဲ့ ဆက်သွယ်လိုက်ပြီး စမ်းသပ်ကြည့်ခဲ့တယ်လို့ တရုတ် အဏုမြူစွမ်းအင်ဆိုင်ရာ အင်စတီကျုက ပြောတာပါ။

နျူကလီးယားစွမ်းအင် ကဏ္ဍမှာ ထိပ်တန်းက ဦးဆောင်နိုင်ငံ တခုအဖြစ် ရပ်တည်သွားဖို့ တရုတ်နိုင်ငံက သန္နိဋ္ဌာန် ချထားတယ်ဆိုတာ ဒီစမ်းသပ်မှုက မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ဂျပန်နိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖိုဆိုင်ရာ ဘေးအန္တရာယ်တွေ ရှိခဲ့ပြီးတဲ့နောက် ဓာတ်ပေါင်းဖို အသစ်တွေကို လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေလုပ်ဖို့ ခွင့်ပြုရေး နှေးကွေးနေချိန်မှာပဲ အခုစမ်းသပ်မှုကို လုပ်ခဲ့တာပါ။

နျူထရွန် ဓာတ်ပေါင်းဖိုကို လျှပ်စစ်ဓာတ်အား လိုင်းကြောင်းနဲ့ မချိတ်ဆက်ခင်မှာ တရုတ်တို့က တနှစ်ကြာ စမ်းသပ်ခဲ့ပါသေးတယ်။

အခု နည်းပညာအသစ်အရ ဓာတ်ပေါင်းဖိုကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ ယူရေနီယမ် အသုံးပြုရတာ လျော့နည်းသွားစေပါတယ်။ ဒါ့အပြင် တခြားဓာတ်ပေါင်းဖိုတွေက ထွက်တဲ့ နျူကလီးယား စွန့်ပစ်ပစ္စည်းတွေကိုလည်း ပြန်ပြီး အသုံးပြုနိုင်မယ့် အလားအလာ ရှိလာပါတယ်။

XS
SM
MD
LG