သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ နျူကလီးယားလက်နက် ၂ ဆတိုးလာကြောင်း ကန်စစ်ဌာနချုပ် အစီရင်ခံစာထုတ်ပြန်


CHINA-MILITARY/
CHINA-MILITARY/

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နျူကလီးယား လက်နက် ၂ ဆ ပိုများလာပြီး နျူကလီးယားဒုံးကျည်ထိပ်ဖူး ၄၀၀ ကျော် ပိုင်ဆိုင်ထားကြောင်း အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ မိတ်ဖက် ထိုင်ဝမ်နဲ့ အမေရိကန်ပြည်ထောင်စုအပေါ် တရုတ်စစ်တပ်ရဲ့ အန္တရာယ်တိုးလာကြောင်းလည်း ဖော်ပြထားပါတယ်။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ၂၀၃၅ ခုနှစ်မှာ နျူကလီးယားထိပ်ဖူး ၁၅၀၀ ကျော် တရုတ်က ပိုင်ဆိုင်မှာ ဖြစ်ကြောင်းလည်း တရုတ်စစ်တပ်ရဲ့ သြဇာအရှိန်အဝါ ခေါင်းစဉ်နဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ပင်တဂွန်က အမေရိကန်လွှတ်တော်ကို တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ အမေရိကန်ပြည်ထောင်စုက နျူကလီးယားထိပ်ဖူး ၃၈၀၀ လောက် ပိုင်ဆိုင်ထားတာဖြစ်ပြီး လက်ရှိတရုတ်ရဲ့ပိုင်ဆိုင်မှုထက် အများကြီးများနေသေးတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တွင်းမှာ တရုတ်နိုင်ငံရဲ့ မစ်ဇိုင်းဒုံးတပ်ဖွဲ့ PLARF က တိုက်ချင်းပစ် မစ်ဇိုင်းဒုံးကျည် ၁၃၅ ခုလောက် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်းလည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာလည်း တရုတ်နိုင်ငံမှာ တိုက်ချင်းပစ်မစ်ဇိုင်းဒုံး ပစ်စင် ၃ ခုဆောက်လုပ်နေဆဲဖြစ်ပြီး တိုက်ချင်းပစ်မစ်ဇိုင်းဒုံးကျည် အသစ် အနည်းဆုံး ၃၀၀ လောက် ဆက်ထုတ်သွားမှာ ဖြစ်ပါတယ်။
သြစတြေးလျအပါအဝင် အမေရိကန်ရဲ့ ဒေသတွင်း မဟာမိတ်နဲ့ မိတ်ဖက်တွေနဲ့ အမေရိကန်ပြည်ထောင်စုကိုပါ တရုတ်စစ်တပ်က အကြိမ်ကြိမ် ဘေးဖြစ်စေမယ့် လုပ်ရပ်မျိုး တိုးလုပ်လာခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်တွင်း သမိုင်းကြောင်းအရ တရုတ်ရဲ့ပိုင်ဆိုင်မှုမရှိဘူးလို့ နယ်သာလန်နိုင်ငံ The Hague မြို့က ICC အပြည်ပြည်ဆိုင်ရာတရားရုံးက အမိန့်ချထားပေမယ့် တရုတ်က ဒါကို လစ်လျူရှုပြီး သူ့အပိုင်လို့ ပြောနေမြဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode


XS
SM
MD
LG