သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားစက်ရုံတွေ တရုတ် ဆက်လက် တည်ဆောက်မည်


တရုတ်နိုင်ငံတွင် တည်ဆောက်နေတဲ့ Changjiang Nuclear Power Plant Phase II အဆောက်အဦး။ (အောက်တိုဘာ ၂၄၊၂၀၁၂)
တရုတ်နိုင်ငံတွင် တည်ဆောက်နေတဲ့ Changjiang Nuclear Power Plant Phase II အဆောက်အဦး။ (အောက်တိုဘာ ၂၄၊၂၀၁၂)
ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံက ဖူကူရှီးမား Fukushima နျူကလီးယားစက်ရုံ သဘာဝဘေးအန္တရာယ် ကျရောက် ခဲ့ပြီး တဲ့နောက် တရုတ်နိုင်ငံမှာ လည်း နျူကလီးယားစက်ရုံ တည်ဆောက်မယ့် အစီအစဉ်ကို ပိတ်ပင် ထားခဲ့တာမှာ အခုတော့ ပိတ်ပင်မှုကို တရုတ်အစိုးရ က ပြန်လည် ရုပ်သိမ်းလိုက်ပါပြီ။ ၂၀၁၅ခုနှစ်မတိုင်ခင် ကမ်းရိုးတန်းဒေသ မှာ နျူကလီးယားစက်ရုံ တချို့ ဆောက်လုပ်ဖို့ အစီအစဉ်ကိုခွင့်ပြုဖို့ နိုင်ငံတော်ကောင်စီက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ခဲ့တာပါ။ ဒီစက်ရုံတွေ အနေနဲ့ နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့အညီ လုံခြုံစိတ်ချမှုရှိမယ်လို့လည်း ကတိပေးထားပါတယ်။ တရုတ်နျူကလီးယားစက်ရုံတွေ လုံခြုံစိတ်ချရမှုရှိတယ်ဆိုတာကို အတည်ပြုနိုင်တဲ့ တိကျပြီး ပြည့်စုံလုံလောက်တဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

၂၀၁၁ခုနှစ် မတ်လက ဂျပန်နိုင်ငံမှာ အင်အားပြင်းငလျင်နဲ့အတူ ဆူနာမီရေလှိုင်းကြီးတွေကြောင့် Fukushima နျူကလီးယားစက်ရုံ ပျက်စီးထိခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံမှာလည်း နျူကလီးယားစက်ရုံတွေ တည်ဆောက်ဖို့ ကိစ္စကို ယာယီပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လောင်စာစွမ်းအင်အသုံးစွဲဆုံး နိုင်ငံကြီးဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ် ရေနံနဲ့ ကျောက်မီးသွေးလောင်စာအပေါ် မှီခိုနေရမှုကို လျော့ချနိုင်ဖို့ နျူကလီယားစွမ်းအင်ကို သုံးရနိုင်ဖို့ လုပ်လာတာပါ။ လက်ရှိမှာ နျူကလီးယားဓာတ်ပေါင်းဖို ၁၅ခုရှိနေပြီး နောက်ထပ် ၂၆ခုကိုလည်း တည်ဆောက်နေဆဲဖြစ်ပါတယ်။
XS
SM
MD
LG