သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန် ထိုင်ဝမ်ကိုယ်စားလှယ်ရုံး အလံတင်မှု တရုတ်ကန့်ကွက်


ထိုင်ဝမ်အလံ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာရှိတဲ့ တရားဝင်မဟုတ်တဲ့ ထိုင်ဝမ်သံရုံးက နှစ်သစ်ကူးနေ့မှာ ထိုင်ဝမ်အလံကို လွှင့်ထူလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ One China Policy လို့ခေါ်တဲ့ တရုတ်တနိုင်ငံတည်းရှိရေး မူဝါဒကို လေးစားလိုက်နာဖို့ တရုတ်အစိုးရက တနင်္လာနေ့မှာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း တရုတ်နိုင်ငံတခုတည်းကိုယ်စားပြုမှုနဲ့ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တဲ့ အဲဒီအလံတင်အခမ်းအနားကို တရုတ်နိုင်ငံအနေနဲ့ အပြင်းအထန်ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရ ဟွာချုံယင်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်အဖြစ် အသိအမှတ်ပြုထားရာက ၁၉၇၉ ခုနှစ်မှာ တရုတ်ပြည်မကြီးကိုပြောင်းလဲ အသိအမှတ်ပြုထားခဲ့ပြီးနောက်ပိုင်း ၃၆ နှစ်အတွင်း ထိုင်ဝမ်သံရုံးအနေနဲ့ သူတို့အလံကို ပထမအကြိမ် လွှင့်ထူခြင်းဖြစ်ကြောင်း ထိုင်ဝမ်အခြေစိုက် China Post သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

XS
SM
MD
LG