သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စီတုန်းမွေးနေ့ နှစ် ၁၂၀ အထိမ်းအမှတ် တရုတ်ကျင်းပ


တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ပြီး ဆယ်စုနှစ်သုံးစုနီးပါး အုပ်ချုပ်လာခဲ့တဲ့ ကွယ်လွန်သူ တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းရဲ့ အသက် ၁၂၀ ပြည့်မွေးနေ့ပွဲကို တရုတ်နိုင်ငံမှာ အခု ကြာသာပတေးနေ့ ကျင်းပကြမှာဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင် မော်စီတုန်းဟာ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တာပါ။

မော်စီတုန်းဟာ ၇၀ ရာခိုင်နှုန်း တရုတ်နိုင်ငံ ကောင်းကျိုး လုပ်ဆောင်ပေးခဲ့ပြီး၊ ၃၀ ရာခိုင်နှုန်းဟာ အမွေဆိုး ဖြစ်တယ်လို့ တရုတ်အစိုးရ ရပ်တည်ချက်မှာ ဖော်ပြပါတယ်။ တရုတ်အစိုးရပိုင် Global Times မှာ လူထုစစ်တမ်း ကောက်ခံရာမှာတော့ မော်စီတုန်းအပေါ်မှာ တရုတ်လူထုသဘောထားဟာ အကောင်းဘက် ပိုပြီးများပါတယ်။

စစ်တမ်းမှာပါဝင်သူ ၈၅ ရာခိုင်နှုန်းကတော့ မော်စီတုန်းဟာ အမှားတွေရှိခဲ့ပေမဲ့ တရုတ်ပြည်အတွက် သူလုပ်ပေးခဲ့တဲ့ လုပ်ရပ်တွေအပေါ် ပိုပြီး အသိအမှတ် ပြုကြပါတယ်။ သူ့ကိုထောက်ခံသူတွေဟာ များသောအားဖြင့် အသက်အရွယ်ကြီးကြပြီး၊ သူအုပ်ချုပ်စဉ်ကို မီခဲ့သူတွေပါ။

သူဟာ တရုတ်နိုင်ငံကို နိုင်ငံခြားသြဇာကနေ လွတ်ကင်းအောင် လုပ်ပေးခဲ့သလို၊ တရုတ်နိုင်ငံကို တစုတစည်းတည်းဖြစ်အောင် စုစည်းပေးခဲ့သူလို့ အဲဒီ ထောက်ခံသူတွေက ပြောကြပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံမှာ မဟာခုန်ပျံကျော်လွှားမှုနဲ့ ယဉ်ကျေးမှု တော်လှန်ရေးမျိုး အငြင်းပွားစရာ စမ်းသပ်မှုတွေကြောင့် လူပေါင်း သန်းချီ သေဆုံးခဲ့ရတယ်လို့လည်း အချို့က သူ့ကို အပြစ်တင်ခဲ့ကြပါတယ်။
XS
SM
MD
LG