သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရေနံပိုက်လိုင်းမီး လူထောင်နဲ့ချီ ငြိမ်းသတ်နေရ


တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Dalian ဆိပ်ကမ်းက ဓာတ်ဆီပိုက်လိုင်း ၂ ခုမှာ မနေ့က ပေါက်ကွဲမှု ဖြစ်ပွားရာကနေ မီးလောင်မှုကြီး ဖြစ်ပွားခဲ့တာကို မီးသတ်သမား ၂,၀၀၀ ထက်မနည်း စေလွတ်ပြီး ငြိမ်းသတ်စေခဲ့ရပါတယ်။ မီးတောက်မီးလျံတွေကို ၁၅ နာရီကြာ ငြိမ်းသတ်ပြီးမှ မီးလောင်မှုကို ထိမ်းချုပ်နိုင်ခဲ့ကြောင်း တရုတ်အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။

ဒီပိုက်လိုင်းဟာ တရုတ်အစိုးရရဲ့ အဓိက ရေနံကုမ္ပဏီ ဖြစ်တဲ့ CNPC တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်းက ပိုင်တာလို့လဲ ဆိုပါတယ်။ မီးလောင်တဲ့နေရာက လူနေအိမ်ခြေတွေနဲ့ ဝေးကွာလှတဲ့နေရာ ဖြစ်တာကြောင့် လူ့အသက်ဆုံးရှုံးမှုတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒီမီးလောင်မှု သတင်းဟာ တရုတ်ထိပ်တန်း ခေါင်းဆောင်တွေအထိ ရောက်သွားပြီး သမ္မတ Hu Jintao နဲ့ ဝန်ကြီးချုပ် Wen Jiabao တို့ဆီက ညွန်ကြားချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုဝန်ကြီးချုပ် Zhang Dejiang လဲ မနေ့က မီးလောင်တဲ့နေရာကို အလျင်အမြန် သွားရောက်ခဲ့တဲ့အကြောင်းကို ရှင်ဟွာ သတင်းက ပြောပါတယ်။

XS
SM
MD
LG