သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓိကကျတဲ့ အခြေခံမူ ၅ ရပ်နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး


တရုတ်ရဲ့ အိမ်နီးချင်း မြန်မာ၊ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်ဆံရေးမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ၅ ချက်ကို အဓိကထားတယ်လို့ တရုတ်သမ္မတ Xi Jinping က ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားမိန့်ခွန်းမှာ သမ္မတ Xi က သောကြာနေ့က ထည့်သွင်းပြောသွားတာ ဖြစ်ပါတယ်။

လူသားတွေအနေနဲ့ စစ်နဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနဲ့ စီးပွားပျက်ကပ်၊ စည်းလုံးမှုနဲ့ ထိပ်တိုက်တွေ့မှုတွေထဲက ဘယ်ဟာ ရွေးချယ်မလဲဆိုတာ ဆုံးဖြတ်ဖို့ လိုအပ်နေတဲ့ အခုလို သမိုင်းဝင်အခိုက်အတံ့မျိုးမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်ရဲ့ အနှစ်သာရတွေကို ပိုပြီး အလေးထားဖို့ လိုအပ်နေပါတယ်လို့ တရုတ်သမ္မတ Xi Jinping ပြောကြားသွားတာ ဖြစ်ပါတယ်။

အချုပ်အခြာအာဏာနဲ့ ပိုင်နက်ကို အပြန်အလှန်လေးစားဖို့၊ အပြန်အလှန် ရန်စတဲ့ လုပ်ရပ်မလုပ်ဖို့၊ တခြားနိုင်ငံ ပြည်တွင်းရေးကို ဝင်မစွက်ဖို့၊ ၂ ဘက် မျှတပြီး အပြန်အလှန် အကျိုးရှိဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ မူကြီး ၅ ရပ်အတိုင်း နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ အလေးထား ဆက်ဆံဖို့ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ သီးခြားစီ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်တွေထဲမှာ ထည့်သွင်းတောင်းဆို ခဲ့တယ်ဆိုတာကိုလည်း သမ္မတ Xi က မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်တဲ့ နှစ် ၇၀ ပြည့်အခမ်းအနားမှာ တရုတ်အစိုးရ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကိုယ်စား သမ္မတဟောင်းဦးသိန်းစိန် ဦးဆောင်တဲ့အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။

"ဘန်ဒေါင်းမူ ငါးရပ်" လို့ လူသိများတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ကို ၁၉၅၄ ခုနှစ်က တရုတ်၊ အိန္ဒိယနဲ့ မြန်မာတို့ ပူးပေါင်း ချမှတ်ခဲ့တာဖြစ်ပြီး ၁၉၅၅ ခုနှစ်မှာတော့ ဒီမူကြီး ၅ ရပ်ကို အာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက သဘောတူ အတည်ပြုခဲ့ကြပါတယ်။

Forum

XS
SM
MD
LG