သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အလုပ်ကြမ်းစခန်းနဲ့ တစ်အိမ်ထောင်ကလေးတစ်ဦးစနစ် တရားဝင် ဖျက်သိမ်း


တရုတ်နိုင်ငံမှာ အငြင်းပွားဖွယ် ပြန်လည်ပညာပေး ရဲဘက်စခန်းတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ တအိမ်ထောင် ကလေးတစ်ယောက်စနစ် တို့ကို ဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

အထက်အလိုကျ လိုက်နာဆောင်ရွက်နေရတဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီရဲ့ စနေနေ့က ဒီ ဆုံးဖြတ်ချက်ဟာ နိုဝင်ဘာလက တရုတ် ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်တယ်လို့ ရှင်ဟွာသတင်းဌာနက ရေးသားပါတယ်။

အလုပ်ကြမ်းစခန်းကလူတွေအားလုံးဟာ စနေနေ့ကစပြီး လွတ်မြောက် လာကြတော့မှာ ဖြစ်ပေမယ့် ဒီစနစ်ကိုဖျက်သိမ်းလိုက်တာဟာ သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ရုပ်သိမ်းလိုက်တာ မဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။ ဒါဟာ ထိန်းသိမ်းခံခဲ့ရသူတွေက နစ်နာမှုနဲ့ ပြန်လည် တရားစွဲလာမှာကို ကာကွယ်ထားတာဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။

နာမည်ဆိုးတဲ့ ဒီပညာပေးစခန်းတွေမှာ ပြစ်မှုကျူးလွန်တယ်လို့ ဆိုသူတွေကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ရဲက (၄) နှစ်အထိ ချုပ်ထားနိုင်ခဲ့ပါတယ်။ လူပေါင်း (၁) သိန်း၊ (၉) သောင်းလောက်ကို ထိန်းသိမ်းထားခဲ့တဲ့ ဒီ ရဲဘက်စခန်းတွေကို ဘာနဲ့အစားထိုးလာမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တခါ မိဘတစ်ပါးပါးဟာ သူကိုယ်တိုင် တစ်ဦးတည်းသောကလေး ဖြစ်ခဲ့တယ်ဆိုရင် သူ့အိမ်ထောင်မှာ ကလေး နှစ်ဦး ယူခွင့်ရှိတယ်လို့လည်း အမြဲတမ်းကော်မတီက ပြဌာန်းလိုက်ပါတယ်။
XS
SM
MD
LG