သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ICC တင်မယ့်အရေး တရုတ် မထောက်ခံ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un။

မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ် တရားခုံရုံး ICC မှာ စစ်ဆေးကြားနာတာကို မထောက်ခံဘူးလို့ တရုတ်နိုင်ငံခြားရေး ဌာနက ပြောလိုက်ပါတယ်။ လူသားထု အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆိုတာအတွက် The Hague မြို့အခြေစိုက် တရားခုံရုံးမှာ မြောက်ကိုရီးယားကို စစ်မယ် မစစ်ဘူးဆိုတာ ကုလသမဂ္ဂကော်မတီတခုက ရှေ့လကျရင် ဆုံးဖြတ်ချက်ချဖို့ ရှိနေချိန်မှာပဲ တရုတ်အစိုးရက အဲဒီလို ပြောတာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ တရုတ်မှာ ဗီတိုအာဏာရှိပြီး ဆုံးဖြတ်ချက်ကို ပယ်ချနိုင်ပါ တယ်။ ဗီတိုအာဏာကို သုံးမလားဆိုတာ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hua Chunying က ကြာသပတေးနေ့မှာ အတိအကျ ပြောမသွားပေမယ့် မြောက်ကိုရီးယားကို ICC မှာ စစ်မယ်ဆိုတာ အထောက်အကူဖြစ်စေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးမှတ်တမ်းကြောင့် ICC မှာ စစ်ဆေးသင့်တယ်လို့ မြောက်ကိုရီးယား လူ့အခွင့် အရေးအခြေအနေအပေါ် ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးမှုကို ဦးဆောင်သူ တရားသူကြီးတဦးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

XS
SM
MD
LG