သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယ ကမ္ဘာစစ် အောင်ပွဲခံ နှစ် ပတ်လည် တရုတ် ကျင်းပ


China Parade
China Parade

တရုတ်နိုင်ငံက ငြိမ်းချမ်းရေးအတွက် အလေးထားတာကိုပြသတဲ့အနေနဲ့ တရုတ်စစ်တပ်က တပ်သား ၃ သိန်းကို လျှော့ချမယ်လို့ သမ္မတ ရှီကျင်းပင်က ဒီကနေ့ ကျင်းပတဲ့ စစ်ရေးပြ အခမ်းအနား မှာ ကြေညာလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေကို အောင်နိုင်တဲ့ အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံက တီယန်နန်မင် ရင်ပြင်မှာ စစ်ရေးပြ အခမ်းအနားကို ဒီကနေ့ ကျင်းပတာ ဖြစ်ပါတယ်။

ဒီစစ်ရေးပြ အခန်းအနားကို မြန်မာသမ္မတ ဦးသိန်းစိန် လည်း တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားသမ္မတ Vladimir Putin, တောင်ကိုရီးယား သမ္မတ Park Geun-hye, တောင်အာဖရိက သမ္မတ Jacob Zuma နဲ့ ဗီယက်နမ် သမ္မတ Truong Tan Sang တို့လည်း တက်ရောက်ခဲ့တာပါ။

၁၉၃၀ နဲ့ ၁၉၄၀ နှစ်လွန်ကာလတွေက ဂျပန်တို့ရဲ့ သိမ်းပိုက်မှုခံခဲ့ရချိန်အတွင်း ထိခိုက် ခံစားခဲ့ရတာကို ပြန်ပြောင်းအောက်မေ့တဲ့ အနေနဲ့ပါကျင်းပတဲ့ ဒီစစ်ရေးပြ အခမ်းအနားမှာ သေနတ် အချက် ၇၀ ဖေါက်ပြီး ဂုဏ်ပြုခဲ့သလို၊ အခမ်းအနား အပြီးမှာ ငြိမ်းချမ်းရေး အထိမ်းအမှတ် အဖြစ် ထောင်နဲ့ချီတဲ့ ခိုတွေနဲ့ မိုးပျံဘောလုံးတွေကို လွှတ်တင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီပွဲမှာ တရုတ်တို့ရဲ့ စစ်ရေးအင်အား ကိုပါ အကြီးအကျယ် ပြသခဲ့ တာမို့ တရုတ်ရဲ့ တိုးတက်ကြီးထွားလာမှုနဲ့နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်မှာ တရုတ်က ဘယ်အခန်းကဏ္ဍကနေ ရပ်တည်ချင်တယ် ဆိုတာဟာ မေးခွန်းထုတ် စရာ ဖြစ်လာတယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိလာပါတယ်။

ဒီစစ်ရေးပြအခမ်းအနားဟာ တရုတ်ရဲ့ စတော့ဈေးကွက် ကျဆင်းမှုနဲ့အတူ တရုတ် စီးပွါးရေး အပေါ် စိုးရိမ်မှုတွေ တိုးလာနေချိန်နဲ့လည်း တိုက်ဆိုင်နေ ပါတယ်။ တရုတ်တို့ရဲ့စတော့ဈေးကွက်တွေ ကမောက်ကမဖြစ်နေတဲ့ တချိန်ထဲမှာဘဲ တရုတ် ယွမ်ငွေဈေးတွေ ရုတ်တရက် ကျဆင်းသွားတာကြောင့် ကမ္ဘာ့စီးပွါးရေးနဲ့ ကုန်စည် ဈေးနှုန်းတွေလည်း မတည်မငြိမ် ဖြစ်သွားခဲ့တာပါ။

XS
SM
MD
LG