သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ်ချခံရသူ နိုင်ငံသား ၅ ဦး ကယ်ရေး ဖိလစ်ပိုင်က နိုဘယ်လ်ဆုပေးပွဲ မတက်ရောက်


သေဒဏ်ချခံရသူ နိုင်ငံသား ၅ ဦး ကယ်ရေး ဖိလစ်ပိုင်က နိုဘယ်လ်ဆုပေးပွဲ မတက်ရောက်
သေဒဏ်ချခံရသူ နိုင်ငံသား ၅ ဦး ကယ်ရေး ဖိလစ်ပိုင်က နိုဘယ်လ်ဆုပေးပွဲ မတက်ရောက်

တရုတ်နိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံသား ၅ ဦး သေဒဏ်ချမှတ်ထားခြင်း ခံရတာကနေ လွတ်ငြိမ်းချမ်းသာခွင့် ရဖို့ နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ကျင်းပခဲ့တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုပေးပွဲကို ဖိလစ်ပိုင် အစိုးရရဲ့ ကိုယ်စားလှယ် စေလွှတ်ခြင်း မပြုခဲ့ဘူးလို့ ဖိလစ်ပိုင် သမ္မတ ဘီနစ်နို နွိုင်နွိုင် အကီနို (Benigno Noi Noi Aquino) က ဒီကနေ့ ထုတ်ဝေတဲ့ Philippine Daily Inquirer သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသား တရုတ် ဒီမိုကရေစီ ခေါင်းဆောင် လျူရှောင်ဘို (Luo Xioabo) ကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုပေးပွဲကို ဖိလစ်ပိုင်က တက်ရောက်ခြင်း မပြုတာဟာ ဒီမိုကရေစီရေးကို အားမပေး မထောက်ခံတာ မဟုတ်ဘဲ တရုတ်နိုင်ငံမှာ မူးယစ်ဆေးဝါး သယ်ယူမှုနဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ ဖိလစ်ပိုင် နိုင်ငံသား ၅ ဦးကို သေဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုဖို့ တရုတ်အစိုးရဆီကို သူ့အနေနဲ့ စာရေးသား မေတ္တာရပ်ခံထားတာကို အထိခိုက် မခံနိုင်လို့ ဖြစ်ကြောင်း သမ္မတ အကီနိုက ပြောဆိုသွားပါတယ်။

သမ္မတ ဂလော်ရီယာ အာရိုယို (Gloria Macapagal Arroyo) အချိန်ကလည်း အာဖဂန်နစ္စတန်က ဖိလစ်ပိုင် နိုင်ငံသား ယာဉ်မောင်း ၁ ဦးကို တာလီဘန်တွေ ပြန်ပေးဆွဲသွားပြီး အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ခိုက်နေတဲ့ နိုင်ငံစုံ ညွန့်ပေါင်းတပ်တွေထဲကနေ အင်အား ၁၀ ဦးသာရှိတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ ရုပ်သိမ်းသွားဖို့ တောင်းဆိုခဲ့တာမှာ ဒီလို ရုပ်သိမ်းပေးဖို့ သမ္မတ အာရိုယိုက ဆုံးဖြတ်ခဲ့ပါတယ်။

ပြန်လာခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသားကိုလည်း သူရဲကောင်းအဖြစ် ဖိလစ်ပိုင် တနိုင်ငံလုံးက ကြိုဆိုခဲ့ကြပါတယ်။

XS
SM
MD
LG