သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်တပ်စေလွှတ်မှု ဖိလစ်ပိုင် တုံ့ပြန်


ရေပိုင်နက်အငြင်းပွားမှုဖြစ်နေသော တောင်တရုတ်ပင်လယ်ပြင်။
ရေပိုင်နက်အငြင်းပွားမှုဖြစ်နေသော တောင်တရုတ်ပင်လယ်ပြင်။
တရုတ်နိုင်ငံနဲ့ဖြစ်နေတဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုမှာ သူ့နိုင်ငံအနေနဲ့ ဘယ်တော့မှ အလျှော့ပေးမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဘန်နစ်နို အကွီနို (Benigno Aquino) က ပြောလိုက်ပါတယ်။

တနင်္လာနေ့ကပြောတဲ့ သူ့ရဲ့ နှစ်ပတ်လည် နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ မစ္စတာအကွီနိုက အဲဒီလို ထည့်ပြောသွားတာပါ။ တောင်တရုတ်ပင်လယ်ထဲက သူပိုင် ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းတွေ တလျှောက်က ဆန်ရှာမြို့မှာ တရုတ်တို့ဘက်က အခြေတည်ဖို့ လုပ်လာတာတွေအပေါ် ဖိလစ်ပိုင်သမ္မတ က တုံ့ပြန် ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီကျွန်းတွေကို တရုတ်တို့က Xisha, Zhonsha နဲ့ နန်ရှာ ဆိုပြီး ခေါ်ပါတယ်။

ဆန်ရှားမြို့ဆီ တရုတ်စစ်တပ်ဖွဲ့တခု စေလွှတ်ဖို့ တရုတ်အစိုးရက စီစဉ်ထားတာကို ဖိလစ်ပိုင်သမ္မတက အလျင်အမြန် တုံ့ပြန် ပြောဆိုတာလည်း ဖြစ်ပါတယ်။ တယောက်ယောက်က ကိုယ့်ရဲ့ အိမ်ခြံဝင်းထဲ ဝင်လာပြီး ဒါကို သူပိုင်တယ်လို့ ပြောလာရင် သဘောတူနိုင်မှာလားလို့ ဖိလစ်ပိုင် သမ္မတက မေးခွန်း ထုတ်ခဲ့ပါတယ်။

ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ တိုင်ဝမ်တို့ကလည်း တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ နယ်မြေတွေကို ပိုင်ဆိုင် တယ်လို့ ပြောထားကြပါတယ်။
XS
SM
MD
LG