သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ်ကျဖိလစ်ပိုင်သုံးဦး ကွပ်မျက်မယ့်ရက် ရွှေ့ဆိုင်း


သေဒဏ်ကျဖိလစ်ပိုင်သုံးဦး ကွပ်မျက်မယ့်ရက် ရွှေ့ဆိုင်း

မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ တရုတ်ပြည်မှာနောက်တပတ်ထဲကျရင် သေဒဏ်ပေးခံရဖို့ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃ ဦးရဲ့အမှုကို တရုတ်နိုင်ငံ တရားရုံးချုပ်က အချိန်ထပ်ရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို အချိန်ရွှေ့လိုက်တာ ဟာ တရုတ်နိုင်ငံရဲ့ ဥပဒေဘောင်အတွင်းမှာရှိတဲ့ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်တာလို့ တရုတ်ပြည်သူ့ တရားရုံး ချုပ်က မနေ့ကပြောပါတယ်။ ဖိလစ်ပိုင်ဒုသမ္မတ ဟဲဟိုးမားဘင်နေး တရုတ်ပြည်ကို ရောက်လာပြီး သေဒဏ် ပေးခံရတော့မယ့် သူ့နိုင်ငံသားတွေရဲ့ အသက်ကို ချမ်းသာခွင့်ပေးဖို့ မေတ္တာရပ်ခံခဲ့ပြီးနောက်ပိုင်း တရုတ်တရားရုံး က အခုလိုကြေညာခဲ့တာပါ။

သေဒဏ်ချခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃ ဦးဟာ အမျိုးသမီး၂ ဦးနဲ့ အမျိုးသားတဦးပါ။ ဒီလူတွေက တရုတ်ပြည်ထဲကို ဘိန်းတွေခိုးပြီး သယ်ခဲ့ကြတာပါ။ သေဒဏ်ပေးမယ့်ရက်ကို ရွှေ့လိုက်တာ ဘယ်နေ့အထိလဲ ဆိုတာတော့ မသိရသေးပါဘူး။ တခါတလေ သေဒဏ်ချခံထားတဲ့သူတွေကို ၂ နှစ် အချိန်ရွှေ့လိုက်ပြီး ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် နေတယ်ဆိုရင် သေဒဏ်ကနေ ထောင်ဒဏ်တသက်ကို ပြောင်းပြီး သတ်မှတ်တတ်ပါတယ်။ အခုလိုသေဒဏ်ချလိုက်တဲ့သတင်းဟာ ဖိလစ်ပိုင်နိုင်ငံမှာတော့ တော်တော်ကို သတိထားစရာဖြစ်နေပါတယ်။

ဘာကြောင့်လဲဆိုတော့ မူယစ်ဆေးဝါးကုန်ကူးမှုနဲ့ တရုတ်ပြည်မှာ သေဒဏ်ပေးခံရတဲ့သူတွေထဲမှာ အခုသုံးဦးက ပထမဆုံး ဖိလစ်ပိုင်နိုင်ငံသားတွေ ဖြစ်ကြလို့ပါပဲ။ ဖိလစ်ပိုင်အရာရှိတွေကတော့ ဒီသုံးဦးကိုသေဒဏ်ပေးတာထက် နှစ်ရှည်ထောင်ဒဏ်တွေ ချသင့်တယ်လို့ ဆိုနေပါတယ်။ တရုတ်ပြည်ကိုရောက်လာတဲ့ ဖိလစ်ပိုင်ဒုသမ္မတ ဘင်နေးက သမ္မတ ဘင်နီနို အကွီနို ရေးလိုက်တဲ့ သေဒဏ်လွတ်ငြိမ်းခွင့်ပေးဖို့ မေတ္တာရပ်ခံတဲ့စာကို ယူလာခဲ့တာပါ။

XS
SM
MD
LG