သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ပစ်ခတ်မှု တရုတ်သံတမန် နှစ်ဦး သေဆုံး


ဒီနေ့ သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ Cebu မြို့၊ ဖိလစ်ပိုင်နိုင်ငံ။
ဒီနေ့ သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ Cebu မြို့၊ ဖိလစ်ပိုင်နိုင်ငံ။

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း မြို့တမြို့က စားသောက်ဆိုင်တခုမှာ ဒီနေ့ဖြစ်တဲ့ သေနတ်ပစ်ခတ်မှုတခုအတွင်း တရုတ်သံတမန်နှစ်ဦး သေဆုံးပြီး နောက်တဦး ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ သတင်းတွေမှာဖော်ပြပါတယ်။

Cebu City က Lighthouse စားသောက်ဆိုင်မှာဖြစ်တဲ့ သေနတ်ပစ်ခတ်မှုကြောင့် ကောင်စစ်ဝန်ချုပ် Song Ronghua ဒဏ်ရာရ ပြီး သူ့ဝန်ထမ်းနှစ်ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ကောင်စစ်ဝန်ချုပ်ရဲ့အခြေအနေ တည်ငြိမ်နေပြီး ပစ်ခတ်မှုအတွက် သံသယရှိတဲ့ အမျိုးသားတဦးနဲ့ သူ့ရဲ့ဇနီးကို ဖမ်းထားတယ်လို့ Philippine Daily Inquirer သတင်းစာမှာဖော်ပြပါတယ်။

သေနတ်ပစ်ခတ်မှုအတွက် တရုတ်အမျိုးသမီးတဦးကို သံသယရှိနေတယ်လို့ Philippine Sun Star သတင်းစာမှာဖော်ပြပါတယ်။

ဘာ့ကြောင့် တိုက်ခိုက်တာလည်းဆိုတဲ့ အကြောင်းပြချက်ကိုတော့ မသိရသေးပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ် တာဝန်ရှိသူ တွေဘက်က ပြောဆိုတာ မရှိသေးပါဘူး။

XS
SM
MD
LG