တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်တာကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံးသွားပါတယ်။ လူပေါင်း ၁၆၅ ဦး လောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့ဘက်က ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Qingdao မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ စက်မှုလုပ်ငန်းတွေမှာ လုံခြုံရေးစနစ် အားနည်းတာကြောင့် မကြာမကြာ ပြဿနာတတ်လေ့ကြုံရတဲ့ တရုတ်နိုင်ငံတွင်း အခုလို မတော်တဆမှုတွေဖြစ်နေရာမှာ ဒါဟာ နောက်ဆုံးအဖြစ်အပျက်တခုပါ။
အစိုးရပိုင် ဓာတ်ငွေ့ပိုက်လိုင်းဟာ သောကြာနေ့အစောပိုင်းက ယိုစိမ့်မှုဖြစ်ပြီး၊ အလုပ်သမားတွေက ပိုက်လိုင်းကို ပြင်ဆင်နေချိန် နာရီပိုင်းအကြာမှာပဲ အခုလို ပေါက်ကွဲမှုဖြစ်သွားတာပါ။ ပေါက်ကွဲမှုကြောင့် လမ်းတွေ ထိခိုက်ပျက်စီးသလို၊ အနီးအနားက ကားတွေလည်း ထိခိုက်သွားပါတယ်။
မီးခိုးမဲတွေလည်း မြို့ပေါ် လွှမ်းသွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၁၆၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အနီးအနားက ဆေးရုံတွေမှာ ပို့ဆောင် ကုသပေးနေရတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာနက ကြေညာပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရေး အစွမ်းကုန်ဆောင်ရွက်သွားဖို့ တရုတ်သမ္မတ Xi Jinping က တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။