သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခရီးသည်တင် လေယာဉ် ပျက်ကျ၊ အနည်းဆုံး လူ ၄၂ ဦးသေ


တရုတ်ခရီးသည်တင် လေယာဉ် ပျက်ကျ၊ အနည်းဆုံး လူ ၄၂ ဦးသေ
တရုတ်ခရီးသည်တင် လေယာဉ် ပျက်ကျ၊ အနည်းဆုံး လူ ၄၂ ဦးသေ

တရုတ်ပြည် အရှေ့မြောက်ပိုင်းမှာ တရုတ်လေယာဉ်တစီး ပြေးလမ်းလွန်သွားပြီး မီးလောင်သွားခဲ့တဲ့အတွက် အပျက်အစီးတွေ ကြားထဲကနေ လူ ၄၂ ယောက်ရဲ့ အလောင်းကို ဖော်ထုတ်ပြီးခဲ့ပြီလို့ တရုတ် နိုင်ငံတော်ပိုင် မီဒီယာတွေက ဆိုပါတယ်။

လူ ၄၉ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံပို့ခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။ ၃ ယောက်ကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

Henan လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ မြူဆိုင်းနေချိန်မှာ Heilongjiang ပြည်နယ်က Yichun မြို့ လေယာဉ်ကွင်းကို ဆင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဟာဘင်မြို့ကနေ ဒေသစံတော်ချိန် ည ၉ နာရီမှာ ထွက်ခွာခဲ့ပြီးနောက် တနာရီကျော်ကျော်မှာ အခုလို ပျက်စီးသွားခဲ့ရတာပါ။

လေယာဉ်ပေါ်မှာ ခရီးသည် စုစုပေါင်း ၉၁ ယောက်နဲ့ လေယာဉ်အမှုထမ်း ၅ ယောက် ပါရှိခဲ့တယ်လို့ ဆင်ဟွာကဆိုပြီး တခြား သတင်းတွေမှာတော့ စုစုပေါင်း ၉၁ ယောက်လို့ ဆိုထားကြပါတယ်။

ဒီခရီးသည်တွေထဲမှာ ကလေး ၅ ယောက်လည်း ပါရှိခဲ့ပြီး သူတို့ အသက်ရှင်၊ မရှင်တော့ သတင်းတွေမှာ ဖော်ပြမထားပါဘူး။

XS
SM
MD
LG