ဒီကနေ့စတင်တဲ့ တရုတ်အမျိုးသားလွှတ်တော်ရဲ့ အစည်းအဝေးမှာ ၂ နာရီကြာမိန့်ခွန်း ပြောကြားသွားတဲ့ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တရုတ်ပြည်သူတွေရဲ့ ဝင်ငွေတွေ တိုးတက်စေရေး၊ အငြိမ်းစားလစာငွေတွေ တိုးမြင့်ပေးရေး၊ ဝင်ငွေနည်းပြည်သူတွေကို အခွန်လျော့ပေါ့ကောက်ခံရေး၊ ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေအတွက် အစိုးရက ပိုမိုသုံးစွဲရေး စတာတွေကို လုပ်ဆောင်သွားမယ်လို့ ကတိပြု ပြောကြားသွားပါတယ်။
တရုတ်လွှတ်တော်ရဲ့ ပြည်သူ့ကိုယ်စားလှယ်ပေါင်း ၃,၀၀၀ နီးပါးကို နိုင်ငံတော်အခြေပြ မိန့်ခွန်းသဖွယ် ပြောကြားသွားတဲ့ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ငွေကြေးဖောင်းပွမှု၊ တရားမဝင်မြေယာသိမ်းဆည်းမှု၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး စတာတွေဟာ တရုတ်အစိုးရ စိုးရိမ်ပူပန်စွာနဲ့ ကိုင်တွယ်ဖြေရှင်းလုပ်ဆောင်နေတဲ့အရာတွေ ဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။
လာမယ့် ၅ နှစ်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ၂၀၁၀ မှာရှိနေတဲ့ ၁၀ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ နောက်ထပ် ၇ ရာခိုင်နှုန်း ပိုမိုတိုးတက်လာဖို့ ရည်မှန်းထားကြောင်းလည်း ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားသွားခဲ့ပါတယ်။