အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့က ရက်ရက်စက်စက် လုပ်တာ၊ သေနတ်ကိုင် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေ တာ၊ နိုင်ငံရေးမှာ ငွေက သြဇာလွှမ်းနေတာတွေကြောင့် လူ့အခွင့်အရေးအခြေအနေ ဆိုးရွားခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောလိုက် ပါတယ်။
တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြထားတဲ့ အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ အစီရင်ခံစာထွက်လာအပြီး တရက်အကြာမှာ တရုတ်နိုင်ငံတော်ကောင်စီက နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အဲဒီလို စွပ်စွဲထားတာပါ။
ပြည်တွင်းမှာ ချိုးဖောက်မှုတွေအပြင် ပြည်ပမှာ အမေရိကန်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း တရုတ် အစီရင်ခံစာထဲ မှာ ဖော်ပြထားပါတယ်။ အဲဒီကိစ္စတွေထဲမှာ အီရတ်နဲ့ဆီးရီးယားမှာ မရေမတွက်နိုင်တဲ့ အရပ်သားတွေ သေဆုံးခဲ့တာနဲ့ ပြည်ပ နိုင်ငံသားတွေရဲ့ ဆက်သွယ် ပြောဆိုချက်တွေကို အမေရိကန်အစိုးရက ကြားဖြတ် ခိုးပြီး နားထောင်တာတွေ ပါဝင်ပါတယ်။
တရုတ်အစီရင်ခံစာထဲမှာပါတဲ့ အချက်အလက်အများစုဟာ အမေရိကန် သတင်းမီဒီယာတွေရဲ့ ထုတ်လွှင့် ဖော်ပြ ရေးသားချက် တွေကနေ ယူထားတာပါ။
လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ဟာ ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်မကြည့်ဘူးဆိုရင် တခြားနိုင်ငံတွေအနေနဲ့လည်း အဲဒီလိုလုပ်ရမယ်လို့ အစီရင်ခံစာမှာပြောထားပါတယ်။