သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲစခန်းတိုက်ခိုက်သူ ၈ ဦး တရုတ်ရဲလက်ချက်နဲ့ သေဆုံး


တရုတ်နိုင်ငံအနောက်ပိုင်းက တည်ငြိမ်မှုမရှိတဲ့ ရှင်ဂျန်းပြည်နယ်မှာ တနင်္လာနေ့ အာရုံမတက်ခင်က ရဲစခန်းတစ်ခုကို ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဓားတွေကိုင်ဆောင်ထားတဲ့ လူ (၈) ဦးကို အသေဖမ်းဆီးရမိတယ်လို့ ရဲတွေက ပြောပါတယ်။

ဝင်ရောက်စီးနင်းသူ (၉) ဦးထဲက တစ်ဦးကို လက်ရ ဖမ်းဆီးရမိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားပေမယ့် ရဲတွေဘက်က ထိခိုက်သေဆုံး ဒဏ်ရာရမှု ရှိမရှိတော့ ထုတ်ဖော် မပြောပါဘူး။ အခင်းဖြစ်ပွားတဲ့ ရဲစခန်းဟာ ကက်ရှ်ကာမြို့နားက ယတ်ကဲန်းအရပ်မှာ ရှိပါတယ်။ ဒီလအစောပိုင်းမှာလည်း မွတ်ဆလင်အများစုရှိရာ ကက်ရှ်ကာမြို့နားမှာပဲ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ရဲတွေရဲ့ ပစ်ခတ်မှုနဲ့ ၁၄ ဦး သေဆုံးခဲ့ရတာပါ။

တရုတ်အစိုးရက ရှင်ဂျန်းဒေသမှာ နိုင်ငံရပ်ခြားက ကျောထောက်နောက်ခံပေးထားတဲ့ ဝှီဂါမွတ်ဆလင် ခွဲထွက်ရေးသမားတွေကြောင့် မတည်မငြိမ်ဖြစ်နေတယ်လို့ အပြစ်တင်ပါတယ်။ ပြည်ပရောက် ဝှီဂါအဖွဲ့တွေကတော့ ဒါဟာ မွတ်ဆလင်တွေကို ဖိနှိပ်အုပ်ချုပ်နေတာမို့ အပြစ်မမြင်အောင် တရုတ်အစိုးရက ပုံကြီးချဲ့ပြီး ပြောဆိုတာလို့ ပြောပါတယ်။
XS
SM
MD
LG