သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်သူတချို့ စိတ်မမှန်ဟု အတင်းသတ်မှတ်ခံရ


တရုတ်အစိုးရက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ သူတို့နဲ့ သဘောထားကွဲလွဲသူ တွေနဲ့ ပြဿနာလုပ်သူတွေလို့ အမြင်ခံရသူတွေကို ဖမ်းဆီးပြီးရင် စိတ်ရောဂါသည်တွေလို့ စွတ်စွဲတတ်တယ်။
တရုတ်အစိုးရက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ သူတို့နဲ့ သဘောထားကွဲလွဲသူ တွေနဲ့ ပြဿနာလုပ်သူတွေလို့ အမြင်ခံရသူတွေကို ဖမ်းဆီးပြီးရင် စိတ်ရောဂါသည်တွေလို့ စွတ်စွဲတတ်တယ်။
တရုတ်နိုင်ငံမှာ နှစ်စဉ် ထောင်ပေါင်းများစွာသော သူတွေဟာ အပြစ်ပေးခံရလို့ဖြစ်စေ၊ နိုင်ငံရေးရည်ရွယ်ချက်နဲ့ဖြစ်စေ သူတို့ ဆန္ဒမပါဘဲနဲ့ စိတ္တဇဆေးရုံတွေကို ပို့ဆောင်ခံနေရတယ်လို့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။

စိတ္တဇဝေဒနာသည်လို့ စွပ်စွဲပြီး ဆေးရုံ အပို့ခံရသူတွေဟာ - အတင်းအကြပ် ဆေးကုခံရတာမျိုး၊ အကြမ်းဖက်ခံရတာမျိုး ဒါ့အပြင် လျှပ်စစ်နဲ့ လျှော့ရိုက်တာလိုမျိုးတွေ မကြာခဏ အလုပ်ခံရတယ်လို့ တရုတ်လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့က ပြောဆိုလိုက်တာပါ။ ဒီလို စိတ္တဇဆေးရုံ အပို့ခံရသူတွေထဲက တော်တော်များ များဟာ တကယ်တမ်းမှာ စိတ်ရောဂါ ဝေဒနာသည်တွေ မဟုတ်ကြဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေဟာ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ မိသားစုဝင်တွေ၊ အလုပ်ရှင်တွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေကနေပြီးတော့ စိတ်ဖောက်ပြန်တယ်လို့ စွပ်စွဲခံရတဲ့အခါတွေမှာ အချိန်အကန့်အသတ်မရှိ ပျောက်သွားတတ်ကြတယ် လို့လည်း တရုတ်နိုင်ငံအခြေစိုက် NGO အဖွဲ့တဖွဲ့က ပြောပါတယ်။

ဒါ့အပြင် အစိုးရအာဏာပိုင်တွေဟာ - လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ သူတို့နဲ့ သဘောထားကွဲလွဲသူ တွေနဲ့ ပြဿနာလုပ်သူတွေလို့ အမြင်ခံရသူတွေကို ဖမ်းဆီးပြီးရင် ဒီစနစ်ကို မကြာခဏ သုံးတတ်ကြတယ်လို့လည်း ပြောဆိုထားပါတယ်။
XS
SM
MD
LG