သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရပိုင်း အပြောင်းအလဲလုပ်မည်


စီးပွားရေးနဲ့ လူမှုရေးကိစ္စရပ်တွေမှာ တရုတ်အစိုးရအုပ်ချုပ်ရေးပိုင်းက ပါဝင်လုပ်ဆောင်မှု လျော့ချဖို့နဲ့ ကြိုးနီစံနစ်နဲ့ တားမြစ်မှုတွေ လျော့ပါးစေဖို့ အစိုးရပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ ၀န်ကြီးများအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသစ်ပြန်လည်ဖွဲ့စည်းမယ့် နိုင်ငံတော်ကော်စီရဲ့လက်အောက်မှာ ၀န်ကြီးဌာနပေါင်း ၂၇ ခုကနေ ၂၅ ဖြစ်လာဖို့ရှိသလို၊ အသစ်ပေါ်ပေါက်လာမယ့် ဌာနခွဲတွေနဲ့ အသင်းအဖွဲ့ တော်တော်များများကို အသိအမှတ်ပြုဖို့ရှိပါတယ်။

အုပ်ချုပ်မှုပိုင်းက တချို့ရာထူးနေရာတွေအတွက် လုပ်ပိုင်ခွင့်ပေးထားတာမျိုးမရှိသလို၊ တချို့ဌာနတွေအတွက် လုပ်ပိုင်ခွင့်အာဏာကို လိုတာထက်ပိုပေးထားတာတွေ့ရတယ် လို့ နိုင်ငံတော်ကော်စီအဖွဲ့ဝင် Ma Kai က ပြောပါတယ်။

တနင်္ဂနွေနေ့ကပြုလုပ်တဲ့ နိုင်ငံတော်ဥပဒေပြုအဆင့် အစည်းအဝေးမှာ နိုင်ငံတော်ကောင်စီအနေနဲ့ အစိုးရအဖွဲ့အတွင်း အခုလို အပြောင်းအလဲလုပ်မယ့် အစီအစဉ်ကို တင်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ ဒါဟာ ဆယ်စုနှစ် ၃ ခုအတွင်း တရုတ်အစိုးရလက်အောက်က ၀န်ကြီးဌာနတွေအတွင်း (၇) ကြိမ်မြောက် ပြန်လည် ဖွဲ့စည်းတာလည်းဖြစ်ပါတယ်။
XS
SM
MD
LG