သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိန်ခေါ်ချက်များရအောင်ရှင်းယူမည်ဟု တရုတ်ဝန်ကြီးချုပ်သစ်ကတိပြု


တရုတ်ဝန်ကြီးချုပ်သစ် လီခွန့်ချောင်း (Li Keqiang) (မတ်လ ၁၇ ရက်၊ ၂၀၁၃)။
တရုတ်ဝန်ကြီးချုပ်သစ် လီခွန့်ချောင်း (Li Keqiang) (မတ်လ ၁၇ ရက်၊ ၂၀၁၃)။
တရုတ်အစိုးရရဲ့ နောင် ၅ နှစ် အစီအစဉ်တွေကို တရုတ်ဝန်ကြီးချုပ်သစ် လီခွန့်ချောင်းက တနင်္ဂနွေနေ့က သတင်းထောက်တွေကို တွေ့ဆုံပြောပြခဲ့ပါတယ်။ တရုတ်နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ အတွက် အချိန်အကြာကြီးကတည်းက မရှင်းနိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရမယ်။ အရင်မလုပ်ဖူးတဲ့ နည်းလမ်းတွေနဲ့ ရှာဖွေဖြေရှင်းရမယ်လို့ ပြောခဲ့ပါတယ်။ ဘယ်လိုခက်ခဲ နက်နဲတဲ့ ပြဿနာမျိုးဖြစ်ပါစေ တရုတ်နိုင်ငံက ရအောင်ရှင်းရမယ်လို့လည်း ဆိုပါတယ်။

တရုတ်အစိုးရရဲ့ နံပါတ် ၁ ဦးစားပေးက တိုးတက်နေတဲ့ တရုတ်စီးပွားရေး ဆက်တိုးတက်ဖို့ဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးကို ၇.၅ အထိဖြစ်အောင် ပစ်မှတ်ထားတယ်လို့ ဝန်ကြီးချုပ် လီကပြောပါတယ်။ တရုတ်ပြည်သူတွေအနေနဲ့ ဒီထက် အခက်အခဲတွေကို ရင်ဆိုင်ကြရမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းထဲမှာ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းမှာ ထိခိုက်မှုတွေရှိလာနိုင်တာကိုလည်း ပြောပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက် ရမယ်လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့ အသုံးစရိတ်တွေ လျှော့ချဖို့ ဗျူရိုကရေစီစနစ်ကို သိသိသာသာလျှော့ချသွားဖို့အတွက်လည်း ကတိပြုသွားပါတယ်။ နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို လျှော့ချပစ်ဖို့အတွက်တော့ စိန်ခေါ်မှုတွေ ရှိနေသေးတာကို တရုတ် ဝန်ကြီးချုပ်သစ် လီခွန့်ချောင်းက တနင်္ဂနွေနေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
XS
SM
MD
LG