သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဒုတိယ သမ္မတ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရ


တရုတ် ဒုတိယ သမ္မတ ဇီကျင်းပင်း။ ဧပြီ ၁၀၊ ၂၀၁၀။

တရုတ် ဒုတိယ သမ္မတ ဇီကျင်းပင်း (Xi Jinping) ကို ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူး တိုးမြှင့်ပေးလိုက်တယ်လို့ တရုတ် နိုင်ငံတော်ပိုင် မီဒီယာတွေက ဆိုပါတယ်။ ဒါကြောင့် သူဟာ သမ္မတ ဟူကျင်းတောင် (Hu Jintao) ကို ဆက်ခံမယ့် သူတယောက် ဖြစ်ဖို့များတာကို အတည်ပြုပေးလိုက်သလို ရှိပါတယ်။

အာဏာရ ကွန်မြူနစ်ပါတီရဲ့ ၄ ရက်ကြာ နှစ်ပတ်လည် အစည်းအဝေး အပြီးမှာ အခုလို တနင်္လာနေ့က ရာထူးတိုးမြှင့်လိုက်တာပါ။

၅ နှစ်တာ စီးပွားရေး စီမံကိန်း တရပ်ကိုလည်း အစည်းအဝေး တက်ရောက်သူတွေက အတည်ပြုပေးလိုက်ကြပါတယ်။ ဒီစီမံကိန်းက တည်ငြိမ်ပြီး နှိုင်းယှဉ်မှုအရ မြန်ဆန်ပြီး တိုးတက်မှုရှိမယ့် စီးပွားရေးတရပ် ဖန်တီးဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်ကော်မရှင်မှာ ပါလာတဲ့အတွက် ဇီ ဟာ လက်ရှိသမ္မတ လှမ်းခဲ့တဲ့ ခြေလှမ်းအတိုင်း ဆက်လှမ်းတာ ဖြစ်ပါတယ်။ စစ်ကော်မရှင်မှာ သူတို့ ၂ ယောက်ကပဲ အရပ်သားတွေ ဖြစ်ကြတာပါ။ ၂၀၀၇ ခုနှစ်ကစပြီး ဇီ ဟာ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။

မစ္စတာ ဟူကျင်းတောင်ဟာ ၂၀၁၂ မှာ ပါတီခေါင်းဆောင် အဖြစ်က အနားယူမယ်လို့ မျှော်လင့်ထားကြပါတယ်။

တည်ငြိမ်ပြီး အားကောင်းကောင်းနဲ့ လုပ်မယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ စီးပွားရေးကို ပြန်ဖွဲ့စည်း တည်ဆောက်ဖို့ စီးပွားရေး စီမံကိန်းက ဆော်သြထားပါတယ်။

ဝင်ငွေတိုးမြှင့်ပြီး ပြည်တွင်း ၀ယ်လိုအားကို ဒီစီမံကိန်းက လှုံ့ဆော်ပေးထားတယ်လို့ တရားဝင် ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

XS
SM
MD
LG