တရုတ်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို လျှော့ပေါ့ပေးတာနဲ့ အလုပ်ကြမ်းစခန်းတွေမှာ ပညာပေးတဲ့စနစ်ကို ဖျက်သိမ်းပစ်တာအပါအဝင် ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်မယ့် အကြောင်း ကြေညာလိုက်ပါတယ်။
အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ဒီကနေ့ သောကြာနေ့မှာ ကြေညာတဲ့ အခုလုပ်ဆောင်ချက်ဟာ ဒီသီတင်းပတ်အစော ပိုင်းမှာ ပြီးဆုံးခဲ့တဲ့ ကွန်မြူနစ်ပါတီ အဓိကအစည်းအဝေးတစ်ခုရဲ့ ဆုံးဖြတ်ချက်တွေကနေ ထွက်လာတာပါ။
မူဝါဒအသစ်အရ ခင်ပွန်း ဇနီး စုံတွဲတွေမှာ တစ်ဦးဦးဟာ သူ့မိသားစုထဲက တစ်ဦးတည်းသောကလေး ဖြစ်တယ်ဆိုရင် သူတို့ အိမ်ထောင်မှာ ကလေးနှစ်ယောက် ယူခွင့်ရတော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ်ထောင်စုအနည်းငယ်မှာပဲ ကလေးတစ်ဦး ထက် ပိုယူခွင့်ရပါတယ်။ ဒီ ကလေးတစ်ယောက်ပဲ ယူရမယ့်မူဝါဒကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေခဲ့တာကြာပါပြီ။
ဒီမူဝါဒ ကြောင့် တချို့ဖြစ်ရပ်တွေမှာဆိုရင် မဖြစ်မနေ ကိုယ်ဝန်ဖျက်ချရတာနဲ့ ကလေးမရအောင် အတင်းအဓမ္မ လုပ်ရတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် အဝေဖန်အခံရဆုံးဖြစ်နေတဲ့ အလုပ်ကြမ်းစခန်း စနစ်ကိုလည်း တရုတ်နိုင်ငံက ဖျက်သိမ်းပစ်တော့မယ်လို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။
အဲဒီစနစ်အရ ပြစ်မှုကျူးလွန်သူတွေကို တရားရုံးတင် စစ်ဆေးတာမျိုးမလုပ်ဘဲ အလုပ်ကြမ်းစခန်း တွေမှာ ရဲတပ်ဖွဲ့က နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ပါတယ်။
ခန့်မှန်းခြေ လူပေါင်း ၁၉၀,၀၀၀ လောက်အထိရှိနေတဲ့ အလုပ် ကြမ်းစခန်းတွေနေရာမှာ ဘာနဲ့အစားထိုးမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။