သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေဂျင်းလေထုညစ်ညမ်းမှု အဆိုးရွားဆုံးစံချိန်တင်


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ မီးခိုးမြူတွေ ဆိုးဆိုးရွားရွား ထူထပ်နေတဲ့အတွက် သုံးရက်မြောက် ဆက်တိုက် အန္တရာယ်ဖြစ်နိုင်တဲ့အဆင့်မှာ ရောက်နေပြီး လူတွေ အိမ်ထဲမှာနေကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်တွေ၊ အဆုတ်ရောဂါနဲ့ နှလုံးရောဂါဆိုင်ရာ ကျန်းမာရေး ချို့ယွင်းချက်ရှိသူတွေ အနေနဲ့ အပြင်ထွက်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာမျိုး ကို ရှောင်ရှားကြဖို့ စည်ပင်သာယာ ပတ်ဝန်းကျင်ရေးရာဌာနက သတိပေးထားတာပါ။

အဆုတ်ထဲကို ဝင်ရောက်နိုင်တဲ့ အမှုန် အစအနတွေဟာ ဘေးကင်းတယ်လို့ယူဆတဲ့ အဆင့်ထက် လေးဆနီးပါး ပိုများနေတယ်လို့ အဲဒီဌာနက တနင်္ဂနွေနေ့မှာေြ ပာပါတယ်။ ဒီအဆင့်ဟာ မှတ်တမ်းတင်ဖူးသမျှ သမိုင်းမှာ အဆိုးဆုံးဖြစ်ပါတယ်။

ဒီလို လေထုညစ်ညမ်းနေတဲ့ အခြေအနေဟာ နောက်ထပ် သုံးရက်အထိ ပိုပြီး တာရှည်နိုင်တယ်လို့ တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ခန့်မှန်းထားပါတယ်။
XS
SM
MD
LG