သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး တရုတ် စတင်ဆောင်ရွက်


သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး တရုတ် စတင်ဆောင်ရွက်
သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး တရုတ် စတင်ဆောင်ရွက်

တရုတ်နိုင်ငံမှာ လေထုအရည်အသွေးနဲ့ ပတ်သက်တဲ့ အချက်အလက် အသစ်တွေကို အစိုးရက အင်တာနက်မှာ စတင်ဖော်ပြဖို့ ရှိနေပေမဲ့ သတင်းတွေအပေါ် ယုံကြည် အားထားလောက်ဖွယ် ရှိမရှိ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြို့တော်ရဲ့ လေထုထဲမှာ မီးခိုးငွေ့တွေ ဘယ်လောက် အတိုင်းအတာအထိ ပျံ့နှံ့နေသလဲ ဆိုတာကို အတိအကျ သတင်းအချက်အလက် ရနိုင်ဖို့ လူထုက ထပ်တလဲလဲ တောင်းဆိုနေတာတွေကို တုံ့ပြန်တဲ့အနေနဲ့ ဘေဂျင်း စည်ပင်သာယာရေးနဲ့ ပတ်ဝန်းကျင် စောင့်ကြည့် လေ့လာရေး ဌာနက ကြိုးပမ်းနေတာပါ။

အသစ်လေ့လာ စစ်ဆေးချက်မှာတော့ လူ့ဆံပင်ချည် တစ်ချောင်းထက်တောင် သေးငယ်တဲ့ အရွယ်အစားရှိတဲ့ ၂.၅ မိုက်ခရိုမီတာ အမှုန်လေးတွေ လေထုထဲမှာ ရှိနေကြောင်း တွေ့ရှိထားပါတယ်။ အရွယ်အစားအားဖြင့် သေးငယ်လှပေမဲ့ အဆုပ်ထဲအထိ ဝင်ရောက်နိုင်စွမ်းရှိတဲ့ ဒီအမှုန်ငယ်တွေဟာ ဘေးအဖြစ်နိုင်ဆုံး အရာတွေထဲမှာ ပါဝင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

စနေနေ့က ပဏာမအစီအစဉ်အဖြစ် မြို့တော်မှာရှိတဲ့ စစ်ဆေးရေးဌာနက တိုင်းတာရာမှာတော့ ၁ ကုဗမီတာမှာ ဝ.၀၀၃ ကနေ ဝ.၀၆၂ မိုက်ခရိုဂရမ် ပမာဏအထိ ရှိကြောင်း တွေ့ရတဲ့အတွက် လေထုအရည်အသွေး ကောင်းမွန်တယ်လို့ သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တချို့ကတော့ စစ်ဆေးချက်အပေါ် သံသယရှိနေကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက ဘေဂျင်းမြို့က လေထုညစ်ညမ်းမှုဆိုင်ရာ အချက်အလက်တွေကို လေ့လာနေတဲ့ ကျွမ်းကျင်သူတဦးဖြစ်သူ စတီဗင်အင်ဒရူးစ် (Steven Andrews) ကတော့ မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ အလားတူ တိုင်းတာချက်တွေအရ ဒီလောက်နိမ့်ကျတဲ့ ပမာဏမျိုးကို လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ၁၈ ကြိမ်ပဲ တွေ့ရကြောင်း အေပီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဒီတပတ် အစောပိုင်းမှာပဲ သံရုံးရဲ့ အမြင့်ဆုံး တိုင်းတာနိုင်စွမ်းဖြစ်တဲ့ ၁ ကုဗမီတာကို ၅၀၀ မိုက်ခရိုဂရမ် နှုန်းထက် ကျော်လွန်နေတာကို တွေ့ရှိရတဲ့အတွက် မြို့တော်ရဲ့ လေထုအရည်အသွေးဟာ အန္တရာယ်ရှိတဲ့ အဆင့်မှာ ရှိနေတယ်လို့ သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG