သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်သားဆေးဆိုးရောင်းသူ ၁၀၀ ကျော် တရုတ်အပြစ်ပေး

၀က်သားဆေးဆိုးရောင်းသူ ၁၀၀ ကျော် တရုတ်အပြစ်ပေး
၀က်သားဆေးဆိုးရောင်းသူ ၁၀၀ ကျော် တရုတ်အပြစ်ပေး

တရုတ်နိုင်ငံမှာ ဝက်သားမှာဆေးဆိုးမှုနဲ့ အစိုးရအရာရှိ ၇၇ ယောက်အပါအဝင် လူပေါင်း ၁၁၃ ဦးကို အပြစ်ပေးလိုက်တယ်လို့ တရုတ်အစိုးရပိုင် သတင်းတွေက ဆိုပါတယ်။ တစ်ဦးကတော့ သေဒဏ်ချခံ လိုက်ရပါတယ်။

ဆင်ဟွာ (Xinhua) သတင်းဌာနက နိုင်ငံအလယ်ပိုင်း Hena ပြည်နယ် မွေးမြူရေးခြံတွေထဲမှာ ဝက်သားကို အဆီကျစေတဲ့ Clenbutoral ဓါတုဆေးပစ္စည်းတွေ ဆိုးထားတာတွေ့ခဲ့ရတယ်၊ ပြဿနာက ဒီဆိုးဆေးမှာ ကင်ဆာဖြစ်စေတဲ့ ဓါတ်ပစ္စည်းတွေ ပါနေတယ်လို့ ဆိုပါတယ်။ ဆင်ဟွာသတင်းဌာနကပဲ အဓိကအပြစ်ရှိခဲ့တဲ့ Liu Xiang ကိုတော့ ပြည်သူ့လုံခြုံရေးကို ထိခိုက်မှုနဲ့ ၂ နှစ် ဆိုင်းငံ့သေဒဏ် အပြစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီသေဒဏ်ပေးမှုမျိုးကို တရုတ်နိုင်ငံမှာ နောက်ပိုင်းမှာတော့ ထောင်ဒဏ်တစ်သက်ကို လျှော့ပေးလေ့ရှိပါတယ်။ Liu ရဲ့ လုပ်ဖော်ကိုင်ဖက် Xi Zhongjie ကိုတော့ ထောင်ဒဏ်တစ်သက် ချလိုက်ပါတယ်။

This item is part of
XS
SM
MD
LG