သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေး ၆ နှစ်အတွင်း အနိမ့်ဆုံးကျဆင်း


တရုတ်နိုင်ငံတောင်ပိုင်းက Rapoo နည်းပညာစက်ရုံအတွင်း အဝါရောင်စက်ရုပ်လက်တွေကြားမှာ အလုပ်လုပ်နေတဲ့ တရုတ်အမျိုးသားတစ်ဦး။
တရုတ်နိုင်ငံတောင်ပိုင်းက Rapoo နည်းပညာစက်ရုံအတွင်း အဝါရောင်စက်ရုပ်လက်တွေကြားမှာ အလုပ်လုပ်နေတဲ့ တရုတ်အမျိုးသားတစ်ဦး။

တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ ဒီနှစ် တတိယလေးလပတ်မှာ တိုးတက်မှုနှုန်းနှေးပြီး ၆.၉% ပဲရှိပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းချိန် ကတည်းကဆိုရင် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံမှာ တိုးတက်မှုနှုန်း အနှေးဆုံးကာလဖြစ်ပါတယ်။

တရုတ် အမျိုးသားစာရင်းအင်းဗျူရိုက ဒီကနေ့ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ဟာ ၂၀၀၉ ခုနှစ် ဒုတိယလေးလပတ်မှာ ၆.၂% ထိ ကျခဲ့ပြီးကတည်းကဆိုရင် ပထမဆုံးအကြိမ် ခုနစ်ရာခိုင်နှုန်းအောက် ကျသွား တာပါ။

စက်ရုံတွေရဲ့ထုတ်လုပ်မှုဟာ စက်တင်ဘာလအတွင်း ၅.၇% ပဲရှိတယ်လို့ စာရင်းဌာနကပြောတာကြောင့် ဒါဟာ စီးပွားရေး တိုးတက်မှုနှေးကွေးတဲ့ နောက်ထပ်လက္ခဏာတခုပါပဲ။

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၂၅ နှစ်အတွင်း အနိမ့်ဆုံး တိုးတက်တဲ့အခြေအနေ ရောက်နေပါတယ်။ တင်ပို့ကုန်တွေအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားကျဆင်းတာက အကြောင်းတခုပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကကတည်းကဆိုရင် အတိုးနှုန်းကို ငါးကြိမ်လျှော့ချပေးခဲ့ပြီး အခြေခံ အဆောက်အအုံဆိုင်ရာ အသုံးစရိတ် တိုးမြှင့်ခဲ့တဲ့ကြားကပဲ စီးပွားရေးဆက်ကျနေတာပါ။

မကြာသေးခင်က အစုရှယ်ယာဈေးကွက် ပြိုကွဲပြီး ယွမ်ငွေတန်ဖိုးကို တရုတ်အစိုးရက ရုတ်တရက် ချပစ်လိုက်တာတွေက အခြေအနေ ပိုဆိုးစေခဲ့ပါတယ်။ တင်ပို့ကုန်အပေါ် မှီခိုအားထားတဲ့ စီးပွားရေးကနေ ပြည်တွင်းစားသုံးမှုအပေါ် အဓိကထားတဲ့ စီးပွားရေးအဖြစ် အသွင်ကူးပြောင်းနေတာနဲ့အမျှ အကျဖိအားတချို့ကို ရင်ဆိုင်နေရတယ်လို့ စာရင်းအင်းဌာန ပြောခွင့်ရတဦးက ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကိုပြောပါတယ်။

XS
SM
MD
LG