သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကျေးလက် ယခင်လောက် မဆင်းရဲ


တရုတ်နိုင်ငံ ကျေးလက်ဒေသတွေရဲ့ ဆင်းရဲမွဲတေမှုအဆင့် ကျလာပေမဲ့ အာဖရိကနဲ့ တောင်အာရှ ဒေသတွေမှာ ဆင်းရဲတွင်း ပိုနက်လာတယ်လို့ ကုလသမဂ္ဂ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ အရှိန်ရလာတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကြောင့် ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု အခြေအနေဟာ ၄၈% ကနေ ၃၆% ထိ ကျဆင်းလာခဲ့တယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ လယ်ယာစိုက်ပျိုးရေး တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာ ငွေကြေးထောက်ပံ့မှု အဖွဲ့ရဲ့ အစီရင်ခံစာအရ သိရှိရပါတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုဟာ ဆာဟာရ အာဖရိကဒေသမှာ ဆင်းရဲမွဲတေသူ ဦးရေ ၂၆၈ သန်းကနေ ၃၀၆ သန်းအထိ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

တောင်အာရှ နိုင်ငံတွေမှာတော့ ဆင်းရဲမွဲတေမှုဟာ မဆိုစလောက်ဘဲ လျော့ကျခဲ့ပြီး လူပေါင်း သန်း ၅၀၀ ဆင်းရဲတွင်း နက်မြဲနက်နေတုန်းပဲလို့ ကုလသမဂ္ဂက ပြောပါတယ်။ တဆက်တည်းမှာပဲ ကမ္ဘာ့ ၇၀% ရှိတဲ့ ဆင်းရဲချို့တဲ့ဆုံး ပြည်သူတွေဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG