သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ ကမ္ဘောဒီးယားခရီး


တရုတ်သမ္မတ နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်စန်
တရုတ်သမ္မတ နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်စန်

တရုတ်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ လက္ခဏာတခုအဖြစ် - ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲ ကမ္ဘောဒီးယားနိုင်ငံက တင်နေတဲ့ အကြွေး အမေရိကန်ဒေါ်လာ သန်း ၉၀ ကို တရုတ်နိုင်ငံက လျှော်ပေးခဲ့သလို၊ နောက်ထပ် ဒေါ်လာ ၁၅ သန်းကိုလည်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီ ကျင့်ပင်ရဲ့ ပထမဆုံးအကြိမ် သွားရောက်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း အခုလို ကြေညာခဲ့တာပါ။ ကြာသပတေးနေ့က စတင်ခဲ့တဲ့ ဒီခရီးစဉ်အတွင်း စုစုပေါင်း သဘောတူညီချက် ၃၁ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်စန် ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Eang Sophalleth က ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံ တင်နေတဲ့ အကြွေး ဒေါ်လာ သန်း ၉၀ ကို လျှော်ပေးလိုက်ကြောင်း တရုတ်သမ္မတ ရှီ က ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်စန်ကို ပြောဆိုခဲ့ကြောင်းနဲ့ ၂၀၁၇ ခုနှစ်မှာ လက်ရှိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄.၄ ဘီလီယံ ကနေ ဒေါ်လာ ၅ ဘီလီယံအထိ တိုးချဲ့ဖို့ကိုလည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြတယ်လို့လည်း သူက ပြောဆိုခဲ့တာပါ။ လက်ရှိ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်လည်ပတ်တဲ့ တရုတ်ခရီးသွားဦးရေ ၇ သိန်းကနေ ၂၀၂၀ ခုနှစ်မှာ ၂ သန်းအထိ တိုးလာအောင်လို့ - တရုတ်နိုင်ငံသားတွေ သွားရောက်လည်ပတ် ကြဖို့အတွက်လည်း တိုက်တွန်းသွားမယ်လို့ မစ္စတာ ရှီ က ဝန်ကြီးချုပ် ဟွန်စန်ကို အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံရဲ့ ကူညီပေးမှုတွေအပေါ်မှာ ဝန်ကြီးချုပ် ဟွန်စန်ကလည်း ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့တာပါ။ ဒါပေမဲ့လည်း ခေါင်းဆောင် ၂ ဦးကြားမှာ တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက် အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြသလား ဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုတော့ - ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က မဖြေဆိုခဲ့ပါဘူး။

တရုတ်သမ္မတ ကမ္ဘောဒီးယားခရီး
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG