တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက နိုင်ငံရဲ့ သမ္မတ နဲ့ ဒု-သမ္မတတာဝန်တွေအတွက် သက်တမ်းအကန့်အသတ်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေကနေ ဖယ်ရှားဖို့ အဆိုပြုလိုက်တယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြလိုက်ပါတယ်။
လက်ရှိတရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ သမ္မတ နဲ့ ဒု-သမ္မတတွေဟာ သမ္မတသက်တမ်းတကြိမ်ကို ၅ နှစ် နဲ့ သက်တမ်း ၂ ကြိမ် ထက် ပိုပြီးထမ်းဆောင်ခွင့်မရှိပါဘူး။
အခုလို ပြောင်းဖို့အဆိုပြုလိုက်တဲ့အတွက် တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ ၂၀၂၃ ခုနှစ်အလွန်အထိ သမ္မတအဖြစ်နဲ့ ဆက်ပြီးရှိသွားနိုင်မှာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက - သမ္မတရှီကျင့်ဖျင်ရဲ့ ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်သဘောထားတွေကို အခြေခံဥပဒေထဲမှာ ခေတ်နဲ့အညီ တရုတ်ဘာသာစကား ရေးဖို့ကိုလည်း အဆိုပြုထားပါတယ်။