သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတရဲ့ ရုရှားခရီးစဉ်


Russia China
Russia China
တရုတ်သမ္မတ Xi Jinping ဟာ သောကြာနေ့က Russia နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ အရင် သီတင်းပတ်က သမ္မတတာဝန် စထမ်းဆောင်ခဲ့တဲံ Mr. Xi Jinpin အတွက် ပထမဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်ပါတယ်။

အခုခရီးဟာ တရုတ်နိုင်ငံအတွက် စီးပွားရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွား တိုးမြှင့်ဆောင်ရွက်ဖို့ သွားရောက်တဲ့ခရီး ဖြစ်တယ်လို့ အနောက်နိုင်ငံ သုတေသီတွေက ပုံဖော်ပြောဆိုကြပါတယ်။ တရုတ်နဲ့ Russia နှစ်နိုင်ငံဟာ ရေနံရောင်းချ ကုန်သွယ်ရေး တိုးမြှင့်ပြီး နှစ်နိုင်ငံကြား ဆက်သွယ်တဲ့ ဓာတ်ငွေ့ ပိုက်လိုင်း တခု တည်ဆောက်ဖို့ မျှော်လင့်ထားတယ်လို့ တရုတ်အစိုးရသတင်း ဌာ န Xinhua ကဖော်ပြပါတယ်။

ရုရှားနိုင်ငံက တနှစ်ကို သဘာဝဓါတ်ငွေ့ ၆၈ billion ကုဗမီတာကို အဲဒီဓါတ်ငွေ့ပိုက်လိုင်းကနေ တင်ပို့ပေးဖို့အတွက် ဈေးနှုန်း ညှိနှိုင်းမှု အပါအဝင် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေကို နှစ်နဲ့ ချီ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့ အရောင်းအဝယ်စာချုပ်ကို တရုတ်နိုင်ငံ၊ ဒု-နိုင်ငံခြားရေးဝန်ကြီး Cheng Guoping က လက်မှတ်ထိုးမှာ ဖြစ်ပေမဲ့ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေ ထွန်းကားလာခဲ့တာကိုလည်း ဒုဝန်ကြီး Cheng က အလေးပေး ပြောဆိုပါတယ်။

တရုတ်နဲ့ရုရှား နှစ်နိုင်ငံကြားမှာ သံတမာန်ရေးအရ နီးနီးကပ်ကပ် ဆက်ဆံမှုတွေရှိနေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတော့ ဆီးရီယား ပြည်တွင်းစစ်မှာ ပြည်ပက ဝင်ပြီးကူညီစွက်ဖက်မှုတွေကို ဆန့်ကျင်တဲ့ ရုရှားရဲ့ဦးဆောင်မှုကို တရုတ်က လိုက်ပြီး ထောက်ခံ ဆောင်ရွက်ခဲ့ပါတယ်။

မြောက်ကိုးရီးယားမှာ Nuclear လက်နက်ထုတ်လုပ်မှု အဆုံးသတ်ဖို့ ကုလလုံခြုံရေးကောင်စီရဲ့ တိုက်တွန်းမှုမှာတော့ တရုတ်ရဲ့ ဦးဆောင်မှုနောက်ကို ရုရှားက တလှည့် ထောက်ခံဆောင်ရွက်ခဲ့ပါတယ်။
XS
SM
MD
LG