သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ Facebook သုံး


တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ facebook အဖွင့် စာမျက်နှာ
တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ facebook အဖွင့် စာမျက်နှာ

တရုတ်နိုင်ငံသားတွေ Facebook လူမှုကွန်ယက်အသုံးပြုမှုအပေါ် အစိုးရက ဆင်ဆာ ဖြတ်တောက်မှုတွေ ပြုလုပ်နေပေမယ့်လည်း သမ္မတရှီကျင်းပင်ရဲ့ အမေရိကန်ခရီးစဉ် မြှင့်တင်ရေးအတွက် သမ္မတရှီကျင်းပင်ဟာ ဧရာမ လူမှုကွန်ယက်ကြီးဖြစ်တဲ့ Facebook အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

သမ္မတရှီကျင်းပင်ရဲ့ Facebook ပေါ်မှာ #XiUSAVisit လို့ တံဆိပ်တပ်ထားပြီး စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် အိမ်ဖြူတော်မှာ သမ္မတ Barack Obama နဲ့တွေ့ဆုံတာနဲ့ ပန်ဒါဝက်ဝံလေးနဲ့ တွေ့ဆုံတဲ့ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို တင်ထားပါတယ်။

တရုတ်နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့နေရာတွေ၊ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ညစာစားပွဲအကြောင်း ဗွီဒီယိုနဲ့ အမေရိကန် ခရီးစဉ်အတွင်း အရေးပါတဲ့ အကြောင်းအရာတွေကို မီးမောင်းထိုး ဖော်ပြထားပါတယ်။

Facebook ပေါ်မှာ တင်ထားတဲ့ အကြောင်းအရာတွေထဲမှာ တရုတ် - အမေရိကန် ဆက်ဆံရေးအကြောင်း၊ တရုတ်သမိုင်းမှာ အရေးပါတဲ့ ကိစ္စရပ်တွေ၊ စီးပွားရေးနဲ့ အခြေခံ အဆောက်အဦးတွေကိုလည်း ဖော်ပြထားပါတယ်။

တရုတ်အစိုးရက အနောက်နိုင်ငံအခြေစိုက် Twitter ၊ Google နဲ့ YouTube စတဲ့ Website တွေကို ပိတ်ပင်ထားတဲ့အတွက် အဲဒီလို အသေးစိတ် ဖော်ပြထားတဲ့ အချက်အလက်တွေကို တနိုင်ငံသားတွေ ကြည့်ရှုလို့ မရနိုင်ပါဘူး။ တရုတ်အစိုးရက တည်ထောင်ထားတဲ့ Youku နဲ့ Weibo စတဲ့ လူမှုကွန်ယက်တွေကိုပဲ အသုံးပြုခွင့်ရကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG