သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့တူတဲ့ တရုတ်နှစ်သစ် ကြက်ဖကြီး


Donald Trump နဲ့တူတဲ့ တရုတ်နှစ်သစ် ကြက်ဖကြီး။ (ဇန်နဝါရီ ၁၃၊ ၂၀၁၇)
Donald Trump နဲ့တူတဲ့ တရုတ်နှစ်သစ် ကြက်ဖကြီး။ (ဇန်နဝါရီ ၁၃၊ ၂၀၁၇)

တရုတ်နှစ်သစ်ဖြစ်တဲ့ ကြက်နှစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ စက်ရုံတခုကနေ - အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နဲ့တူတဲ့ ဧရာမ လေထိုး ကြက်ဖရုပ်ကြီးတခုကို ထုတ်လုပ်လိုက်ပါတယ်။ စက်ရုံ မန်နေဂျာတွေကတော့ - ၂ မီတာကနေ မီတာ ၂၀ လောက်အထိ မြင့်တဲ့ ကြက်ဖတွေကို လိုချင်တဲ့သူတွေ များနေတာကြောင့် ကြိုးစားပမ်းစား ထုတ်လုပ်ဖို့ ထုတ်လုပ်နေရတယ်လို့ ဆိုပါတယ်။

ကြက်ဖကြီးတွေကို Trump နဲ့ တူအောင် တမင်ရည်ရွယ် ထုတ်လုပ်တာ မဟုတ်ပေမဲ့လို့ မန်နေဂျာတွေက ပြောဆိုပေမဲ့ - ဒီပုံစံမျိုး ဘာကြောင့် လုပ်ခဲ့သလဲဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီဇင်ဘာလက Shanxi ပြည်နယ်မြောက်ပိုင်းက ဈေးဝယ်ကုန်တိုက်တခုရှေ့မှာ ပြသခဲ့တဲ့ လေထိုးရုပ်ကြီးကတော့ Trump နဲ့ တော်တော့်ကို တူတယ်လို့လည်း မီဒီယာသတင်းတွေမှာ - ဖော်ပြခဲ့ကြပါတယ်။

ကြက်ဖရုပ်ကို ပုံစံထုတ်ဖန်တီးခဲ့သူ - အမေရိကန်ပြည်ထောင်စု Seattle အခြေစိုက် Graphic အနုပညာရှင် Casey Latiolais ကတော့ - သူ - ဒီဇိုင်းဆွဲရာမှာ ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ လွှမ်းမိုးမှု အငွေ့အသက်တွေ ပါကောင်းပါနိုင်တယ်လို့ ဝန်ခံထားပါတယ်။

Donald Trump နဲ့တူတဲ့ တရုတ်နှစ်သစ် ကြက်ဖကြီး
please wait

No media source currently available

0:00 0:00:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG