သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိုရှီလိုင်း ၅ ရက်ကြာ ရုံးတင်စစ်ဆေးမှုပြီးစီး


တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ Bo Xilai
တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ Bo Xilai
တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ဘိုရှီလိုင်း (Bo Xilai) အပေါ် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ တရုတ်အစိုးရရှေ့နေတွေက တောင်းဆိုထားပါတယ်။ သူ့အပေါ် စွဲတင်ထားတဲ့ အကျင့်ပျက် ခြစားမှုဆိုင်ရာ အမှုကို ၅ ရက်ကြာ ကြားနာပြီးတဲ့နောက် တနင်္လာနေ့မှာ အဆုံးသတ်ခဲ့တာပါ။

ဘိုရှီလိုင်းကို စွပ်စွဲတဲ့ အထောက်အထားတွေဟာ လုံလောက်ပြီး လာဘ်စားမှု၊ ခိုးယူမှု၊ အာဏာ အလွဲသုံးစားလုပ်မှုဆိုင်ရာ စွဲချက်တွေနဲ့ဆိုင်တဲ့ အချက်အလက်တွေဟာ ရှင်းနေတယ်လို့ တရားရုံးပြောရေးဆိုခွင့်ရှိသူ လျူ ယန်ကျီး (Liu Yanjie) က ပြောပါတယ်။

၅ ရက်ကြာ အမှုစစ်ဆေးတာဟာ တနင်္လာနေ့ အစောပိုင်းမှာ အဆုံးသတ်သွားခဲ့တာပါ။ စီရင်ချက်ကို သတ်မှတ်ရက်တစ်ရက်မှာ ကြေညာမယ်လို့ အရှေ့ပိုင်း ဂျီနန်းမြို့ ပြည်သူ့တရားရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

ဘို့အပေါ် ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဆီကနေ လာဘ်ယူမှု၊ ခိုးမှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ စွပ်စွဲထားပါတယ်။ သူ့ရဲ့ ထိပ်တန်း လက်ထောက်တစ်ဦးဖြစ်သူ ချုံကျင်း ရဲချုပ်ဟောင်း ဝမ်လီကျွန်းဟာ လူလိမ်လို့ သူ့ရဲ့ ထွက်ဆိုချက်မှာ ဘိုက ပြောပါတယ်။

အမှားအယွင်းတွေ လုပ်ခဲ့မိတယ်ဆိုတာကို ဘိုက ဝန်ခံပေမဲ့ ရာဇဝတ်မှုမကင်းတဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမှ မလုပ်ခဲ့ဘူးလို့ ငြင်းပါတယ်။
XS
SM
MD
LG