သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြခေါင်းဆောင်ကို တရုတ်ကျေးရွာ အကြီးအကဲခန့်


ဆန္ဒပြခေါင်းဆောင်ကို တရုတ်ကျေးရွာ အကြီးအကဲခန့်
ဆန္ဒပြခေါင်းဆောင်ကို တရုတ်ကျေးရွာ အကြီးအကဲခန့်

တရုတ်နိုင်ငံတောင်ပိုင်းက ကျေးရွာတွေမှာ မြေယာသိမ်းမှုကို ကန့်ကွက်တဲ့ လူထုဆန္ဒပြမှုကို ဦးဆောင်တဲ့ ခေါင်းဆောင်ကို တရုတ်အစိုးရက အဲဒီရွာရဲ့ အကြီးအကဲအဖြစ်နဲ့ ခန့်အပ်လိုက်ပါတယ်။ ဒါဟာ တရုတ် အစိုးရဘက်က ရှားရှားပါးပါး လုပ်ဆာင်လိုက်တာ ဖြစ်ပါတယ်။

လင်ဇူလွမ် ဟာ တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ဝူကန်ကျေးရွာက ပါတီခေါင်းဆောင်သစ် ဖြစ်လာတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းအေဂျင်စီက ပြောပါတယ်။ လင်ဇူလွမ် အနေနဲ့ ကျေးရွာကော်မတီသစ် အတွက် ရွေးကောက်ပွဲ စီစဉ်တဲ့နေရာမှာ အကူအညီ ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။

လင်ဟာ ဝူကန်ရွာက ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အဲဒီမှာ ကျေးရွာသားတွေက ဒေသခံ အာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုနဲ့ တရားမဝင် မြေသိမ်းမှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရဲက ကျေးရွာခေါင်းဆောင် တစ်ဦးကို ထိန်းသိမ်းထားတုန်း သေသွားတာကြောင့် ဆန္ဒပြတာတွေ ဖြစ်လာခဲ့တာပါ။ ဒေသခံတွေဟာ မြို့ကို အတားအဆီးတွေနဲ့ ကာရံ ထားလိုက်ပြီးတော့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ကျေးရွာခေါင်ဆောင် အတော်များများကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

တရုတ်အစိုးရ အာဏာပိုင်တွေက ဒီတောင်းဆိုမှုတွေဟာ လက်ခံနိုင်လောက်တဲ့ တောင်းဆိုမှုတွေ ဖြစ်တယ်လို့ ပြောလိုက်ပြီး ကျေးရွာခေါင်းဆောင်တွေကိုလည်း ပြန်လွှတ်ပေးလိုက်ပါတယ်။

XS
SM
MD
LG