သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွန့်ပစ်ပစ္စည်း စီမံကိန်း လူထုဆန္ဒနဲ့အညီ တရုတ် ရုပ်သိမ်း


စက္ကူစက်ရုံကထွက်တဲ့ စွန့်ပစ်အညစ်အကြေးတွေ ပင်လဲထဲ စွန့်ပစ်မယ် အစီအစဉ်ကို ကန့်ကွက်ကြတဲ့ ဆန္ဒပြသူ လူ ၁ ထောင်လောက်ဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း Qidong မြို့မှာ ကားတွေကို မှောက်၊ အစိုးရရုံးတွေကို ဝင်စီးတာတွေ လုပ်ခဲ့ပြီးတဲ့နောက် ဒီအစီအစဉ်ကို တရုတ်အစိုးရက ပယ်ဖျက်လိုက်ပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကနေ မတည်ငြိမ်မှုတွေ ဖြစ်စေခဲ့ပြီးတဲ့နောက် ဒီစီမံကိန်းကို ပယ်ဖျက်လိုက်တဲ့အကြောင်း ဒေသ အာဏာပိုင် တွေက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပိုက်လိုင်းကနေတဆင့် အနီးအနား စက္ကူစက်ရုံက အညစ်အကြေးတွေကို ပင်လယ်ထဲ စွန့်ပစ် ဖယ်ရှားဖို့စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ စက်ရုံလုပ်ငန်းတွေ ဆယ်စုနှစ်သုံးခုလောက် စောင့်ကြည်စစ်ဆေးမှု တစုံတရာမရှိဘဲ အရှိန်မြင့် လည်ပတ်နေတာကနေ လူတွေ အစုလိုက်အပြုံလိုက် အဆိပ်သင့်ပြီး ကျန်းမာရေး ထိခိုက်တဲ့အထိ အခြေအနေတွေ ရှိခဲ့ပြီးတဲ့နောက်မှာတော့ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တရုတ်နိုင်ငံထဲမှာ ပိုပြီးတော့ များပြား လာနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG