သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဆန္ဒပြသူတွေ တောင်းဆိုချက် ပြည်နယ်အစိုးရ လိုက်လျော


တရုတ်ဆန္ဒပြသူတွေ တောင်းဆိုချက် ပြည်နယ်အစိုးရ လိုက်လျော
တရုတ်ဆန္ဒပြသူတွေ တောင်းဆိုချက် ပြည်နယ်အစိုးရ လိုက်လျော

တရုတ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဖက်က တောင်းဆိုချက်တွေကို အာဏာပိုင်တွေဖက်က ဆွေးနွေးပြီး ထူးထူး ခြားခြား လိုက်လျော ပေးလိုက်ပါပြီ။ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က ဝူခမ်မြို့မှာ ဆန္ဒပြသူတွေ တောင်းဆိုခဲ့တဲ့ အကျဉ်းသား ၃ ဦးကို ရက်ပိုင်းအတွင်း လွှတ်ပေးဖို့ ပြည်နယ် အဆင့်မြင့် အရာရှိတွေက သဘောတူခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဆန္ဒပြ ခေါင်းဆောင်တဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဒေါသထွက်နေတဲ့ ရွာသားတွေက ဒေသခံ အရာရှိတွေကို ဒီ ဂွမ်ဒေါင်း ပြည်နယ်ထဲက သူတို့ရွာထဲကို မလာနိုင်အောင် ထိရောက်စွာ တားဆီးနိုင်ခဲ့ပြီး သူတို့ဟာ သူတို့လည်း ထိထိရောက်ရောက် အုပ်ချုပ်မှုတွေ လုပ်လာခဲ့ပါတယ်။

ဒီရွာသားတွေ အနေနဲ့ ရဲအချုပ်ခန်းထဲမှာ ဆန္ဒပြသူတဦး သေဆုံးခဲ့ရတဲ့အပေါ် ဆန္ဒပြခဲ့တာဖြစ်ပြီး ဆက် ထိန်းချုပ်ထားတဲ့ အခြား ဆန္ဒပြသူတွေကိုလည်း လွှတ်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုလာခဲ့ကြတာပါ။

ရွာသားတွေဖက်က အခုလို အချုပ်ထဲမှာ သေခဲ့ရတဲ့သူ ဖြစ်ခဲ့ရတာက အရိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ စွပ်စွဲထားပေမယ့် ရဲတွေဖက်ကတော့ နှလုံးရောဂါကြောင့် သေခဲ့ရတာလို့ ပြန်ငြင်းဆိုထားပါတယ်။

ဒီရွာသားတွေအနေနဲ့ စက်တင်ဘာလကတည်းက ဒေသခံ အရာရှိတွေရဲ့ မတရား မြေယာ သိမ်းယူမှုတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး ဒီလယ်ယာမြေတွေကို သူတို့လက်ထဲ ပြန်ပေးဖို့ကိုလည်း တောင်းဆိုလာနေခဲ့ပါတယ်။

XS
SM
MD
LG