သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားမှောင်ခိုလုပ်ငန်း တရုတ် အစိုးရ တိတ်တဆိတ် အားပေး


A laborer tends a watermelon field as tanks are stationed near the border with Gaza, July 30, 2014. 
A laborer tends a watermelon field as tanks are stationed near the border with Gaza, July 30, 2014. 
တိရစ္ဆာန်တွေအပေါ် ကာကွယ် စောင့်ရှောက်ရေး နိုင်ငံတကာ ကြိုးပမ်းမှုတွေကို လိုက်နာဖို့ သဘောတူထားတဲ့ တရုတ် အစိုးရဟာ ကျားသားရေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မှောင်ခို
ရောင်းဝယ် ဖောက်ကားမှုတွေကို အားပေးနေတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့တဖွဲ့က စွပ်စွဲလိုက်ပါတယ်။

ဖမ်းဆီးရမိပြီး မွေးမြူထားတဲ့ ကျားတွေကနေ ရရှိလာတဲ့ သားရေတွေကို အိမ်တွေမှာ အလှဆင် ပစ္စည်းအဖြစ် ပြည်တွင်းမှာ ရောင်းချနေ တာတွေကို ခွင့်ပြုထားတာ တွေ့ရတဲ့ အကြောင်း လန်ဒန် အခြေစိုက် ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အေဂျင်စီ (EIA) က အင်္ဂါနေ့မှာ ပြောဆိုလိုက် တာပါ။

ပြည်နယ်သစ်တော အာဏာပိုင်တွေရဲ့ ပံ့ပိုး ထောက်ပံ့မှုတွေ ရရှိထားတဲ့ မွေးမြူရေးခြံ တွေကြောင့် ကျားတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဝယ်ယူမှုတွေ ကြီးထွားလာနေသလို ကျားရိုင်းတွေနဲ့ အာရှတလွှားက တခြား ကျားမျိုးနွယ်တွေကို ဖမ်းဆီးမှုတွေလည်း အားပေးရာ ရောက်နေတဲ့ အကြောင်း EIA အဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံမှာ တချို့က ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ယုံကြည်ထား ကြတဲ့ ကျားရိုးစိမ် ဝိုင်အရက်တွေ ရောင်းချမှုကိုလည်း အစိုးရက တိတ်တဆိတ် ခွင့်ပြုထားတာ
တွေ့ရကြောင်း ပြောဆိုခဲ့တာပါ။

တရုတ် နိုင်ငံဟာဆိုရင် ကျားတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ တခြား ဆက်နွယ်တဲ့ ပစ္စည်းတွေကို နိုင်ငံတကာနဲ့ ပြည်တွင်းမှာပါ ရောင်းဝယ် ဖောက်ကားမှု တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ရှားပါး မျိုးစိတ်တွေ ကုန်သွယ်မှု တားမြစ်ရေး နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ထားတာဖြစ်ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ကျားအပါအဝင် တောရိုင်း တိရစ္ဆာန် ထိန်းသိမ်း
စောင့်ရှောက်ရေးကို အစိုးရက အရေးကြီးတဲ့ ကိစ္စတခုအဖြစ် သဘောထား တဲ့အကြောင်း အင်္ဂါနေ့မှာပဲ ပြောဆိုသွားပါတယ်။
XS
SM
MD
LG