သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ငလျင် ၁၅၀ ကျော်သေဆုံး


တရုတ်ငလျင် ဒဏ်ရာရသူများကို ကယ်တင်နေစဉ်။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
တရုတ်ငလျင် ဒဏ်ရာရသူများကို ကယ်တင်နေစဉ်။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဇီချွမ်ပြည်နယ်မှာ စနေနေ့က ပြင်းထန်တဲ့ငလျင်လှုပ်သွားလို့ သေဆုံးသူအရေအတွက်က ၁၅၀ ကျော်သွားပြီဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်ကတော့ ၃,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ငလျင်ဘေးသင့်သူတွေကို ကယ်တင်ဖို့ ထိခိုက်ဒဏ်ရာရမှုတွေကို လျော့နည်းအောင် လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့နည်းပေါင်းစုံ အသုံးပြုပါလို့ သမ္မတ ရှီကျင်းဖျင်က အမိန့်ထုတ်ထားကြောင်း တရုတ်အစိုးရရဲ့ Xinghua သတင်းဌာနက ဖော်ပြပါတယ်။

ငလျင်ပြင်းအားက ၇.၀ ရှိတယ်လို့ တရုတ်အရာရှိတွေက ကြေညာပြီးတော့ အမေရိကန် ဘူမိတိုင်းတာရေးဌာနကတော့ ပြင်းအား ၆.၆ ရှိတယ်လို့ ပြောပါတယ်။ ငလျင်က အနက် ၈ မိုင်ကို ဗဟိုပြုပြီးတော့ လှုပ်သွားတာဖြစ်ပါတယ်။

တရုတ် ကြည်းတပ်နဲ့ လေတပ်တို့က ဝေဟင်ကနေ ရိုက်ယူထားတဲ့ဓာတ်ပုံတွေကို အစိုးရ ရုပ်မြင်သံကြားမှာပြသတော့ လုံးချင်းအိမ်တွေ ပျက်စီးနေတာတွေ့ရပြီး အိမ်လုံးကျွတ် ဘာမှမကျန်အောင် ပျက်စီးသွားတာတွေလည်း ရှိပါတယ်။

ဇီချွမ်ပြည်နယ်မှာ ၂၀၀၈ ခုနှစ်ကလည်း ငလျင်ကြီးတခါ လှုပ်ခဲ့ပြီး အဲဒီတုန်းကတော့ လူပေါင်း ခုနှစ်သောင်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။
XS
SM
MD
LG