သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဇီချွမ်ငလျင်သေဆုံးသူ ၂၀၀ ကျော်သွားပြီ


ငလျင်ဒဏ်ခံခဲ့ရတဲ့ ဇီချွမ်းပြည်နယ် လူရှမ်းဒေသက အပျက်အစီးတချို့။ (ဧပြီလ ၂၁ ရက်၊ ၂၀၁၃)။
ငလျင်ဒဏ်ခံခဲ့ရတဲ့ ဇီချွမ်းပြည်နယ် လူရှမ်းဒေသက အပျက်အစီးတချို့။ (ဧပြီလ ၂၁ ရက်၊ ၂၀၁၃)။
အင်အားပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ခဲ့တဲ့ တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်အတွင်းမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။

နောက်ဆုံးရရှိတဲ့စာရင်းအရ သေဆုံးသူဦးရေ ၂၀၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကတော့ တစ်သောင်းတစ်ထောင်ကျော် ရှိသွားပြီလို့ သိရပါတယ်။
စနေနေ့မနက်ပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အဓိက ထိခိုက်ခဲ့တဲ့ လူရှမ်း ဒေသကို အခုအချိန်အထိ ကားလမ်းအဆက်အသွယ် မပြုလုပ်နိုင်သေးဘူးလို့ နိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြပါတယ်။

မြေငလျင်ဒဏ်ကြောင့် ပြည်နယ်မြို့တော် ချန်ဒူးမှာရှိတဲ့ အဆောက်အဦးတွေ ပြိုကျ ပျက်စီးသွားခဲ့တယ်လို့ နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ပြောပါတယ်။ ဒေသတွင်းမှာ နောက်ဆက်တွဲ မြေငလျင်တွေ တော်တော်များများ ဆက်လှုပ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

သမ္မတ ရှီကျင့်ဖျင် က အင်အားကုန်အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့နဲ့၊ အသေအပျောက် တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ကြိုးပမ်းကြဖို့ ညွှန်ကြားထားတယ်လို့ ရှင်ဟွာသတင်းကပြောပါတယ်။ ဝန်ကြီးချုပ် လီကီချင်း ကိုယ်တိုင်လည်း ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသကိုသွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေမှုတွေကို ကြီးကြပ်ပေးနေ ပါတယ်။

အမေရိကန်ပြည်ထောင်စု ဘူမိဗေဒ သုတေသနဌာနရဲ့ တိုင်းထွာချက်အရ အင်အား ၆.၆ မဂ္ဂနီကျု ပြင်းအားရှိတဲ့ မြေငလျင်ဟာ မြေအောက် ၁၃ မီတာအကွာမှာ လှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြေငလျင်လှုတ်သွားတဲ့ ဒေသတဝိုက်ကို တရုတ်စစ်တပ်က ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ရုပ်သံကနေပြသရာမှာ အဆောက်အဦးတွေ ပြိုကျနေသလို တချို့ကျေးရွာတွေမှာ အဆောက်အဦးတွေအားလုံး ပြိုကျသွားပြီး မြေပေါ်မှာ ပြားချပ်နေတာကို တွေ့မြင်ကြရပါတယ်။
XS
SM
MD
LG