သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ထဲ လူလုပ်ကျွန်း တည်ဆောက်မှု ပြီးစီးတော့မည်


တောင်တရုတ်ပင်လယ်ထဲမှာ အငြင်းပွားဖွယ် ကုန်းမြေတည်ဆောက်မှု လုပ်ဆောင်ချက်တွေ မကြာခင်မှာပဲ အပြီးသတ်မယ်လို့ တရုတ်က ဒီကနေ့ပဲ ကြေညာသွားပါတယ်။ နယ်မြေပိုင်နက် အငြင်းပွားဘက် - တခြားနိုင်ငံတွေနဲ့ တင်းမာမှုတွေဖြစ်စေတဲ့ လူလုပ်ကျွန်းတွေပေါ်က ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတော့ ဆက်ပြီး ပြုလုပ်သွားမယ်လို့လည်း ပြောသွားပါတယ်။

တရုတ်တို့စခန်းချထားတဲ့ ကျွန်းတွေနဲ့ Nansha ကျွန်းစုရဲ့ သန္တာကျောက်တန်းတွေမှာ ကုန်းမြေဖို့တဲ့ စီမံကိန်းတွေက လာမယ့်ရက်ပိုင်းအတွင်း ပြီးစီးပါမယ်လို့ နိုင်ငံတကာ အခေါ် Spratly ကျွန်းစုကို တရုတ်နာမည်သုံး ရည်ညွှန်းသွားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သွားတာပါ။

ကြေညာချက်မှာက စီမံကိန်းပြီးစီးမယ့် ရက်အတိအကျ ပြောမထားပေမဲ့ ဒီလူလုပ်ကျွန်းတွေ တည်ဆောက်တဲ့ကိစ္စကို ကာကွယ်ပြောဆိုသွားပြီး သူတို့ရဲ့ရည်ရွယ်ချက်က တရုတ်နိုင်ငံသားတွေအတွက် အသုံးပြုဖို့ပဲဖြစ်ပြီး စစ်ရေးရည်ရွယ်ချက် လုံးဝ မပါဝင်ပါဘူးလို့ ပြောထားပါတယ်။

ဒီလုပ်ရပ်က အကျိုးသင့် အကြောင်းသင့် တရားမျှတမှုရှိပြီး၊ တရားဝင်လုပ်ရပ် ဖြစ်ပါတယ်။ ဘယ်နိုင်ငံကိုမှ ရိုက်ခတ်မှုလည်း မဖြစ်စေသလို ဘယ်နိုင်ငံကိုမှလည်း ဆန့်ကျင်တာမဟုတ်ပါဘူး။ တောင်တရုတ်ပင်လယ်ထဲက ရေကြောင်းသွားလာမှု လေယာဉ်ပျံသန်းမှု တို့ကိုလည်း ဘာမှ သွားမထိခိုက်ပါဘူး - လို့ တရုတ်တို့ အစောပိုင်းတုန်းက ပြောထားတာကိုပဲ ထင်ဟပ်ပြီး ကြေညာချက်မှာ ပြောထားပါတယ်။

ဒီတရုတ်တို့ရဲ့ လူလုပ်ကျွန်းတွေ တည်ဆောက်နေတဲ့ကိစ္စကို အမေရိကန်က ပိုပြီး ပြောင်ပြောင်တင်းတင်း ဝေဖန်လာနေပြီး၊ ဗျူဟာကျတဲ့ ရေပြင်ထဲမှာ လူမရှိခဲ့တဲ့ သန္တာကျောက်တန်းတွေမှာ ဧက ၂၀၀၀ ကျော် အကျယ်အဝန်းကို တရုတ်က မြေဖို့နေတယ်လို့ ပြောပါတယ်။

တရုတ်ရဲ့ ကျွန်းတည်ဆောက်တဲ့လုပ်ငန်းက စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်နဲ့ ဖြစ်ပုံရပြီး အချက်ပေးရေဒါစနစ်၊ စစ်တန်းလျားနဲ့ လေယာဉ်ပြေးလမ်းတို့ကို ထည့်ဆောက်ထားပါတယ်။ အရင်လကဆိုရင် တရုတ်က လက်နက်ကြီးတွေကို ကျွန်းတွေပေါ် သယ်လာတယ်၊ အခုတော့ အဲဒါတွေကို ပြန်ရွှေ့သွားပြီလို့ အမေရိကန်က ပြောပါတယ်။

XS
SM
MD
LG