သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနီရောင်အဆင့် လေထုညစ်ညမ်းမှု ပထမဆုံး သတိပေး ဘေဂျင်း ထုတ်ပြန်


Mariah Carey arrives at the 75th annual Golden Globe Awards at the Beverly Hilton Hotel on Sunday, Jan. 7, 2018, in Beverly Hills, Calif. (Photo by Jordan Strauss/Invision/AP)
Mariah Carey arrives at the 75th annual Golden Globe Awards at the Beverly Hilton Hotel on Sunday, Jan. 7, 2018, in Beverly Hills, Calif. (Photo by Jordan Strauss/Invision/AP)

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လာမယ့် သုံးရက်အတွင်း ထူထပ်တဲ့ မြူခိုးတွေ အုပ်ဆိုင်းနေမယ်လို့ အစိုးရက သတိပေး လိုက်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ မြို့တော်မှာ ပထမဆုံးအကြိမ်အဖြစ် အနီရောင်အဆင့် လေထုညစ်ညမ်းမှုအတွက် သတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ မြို့တော်ရဲ့ အာဏာပိုင်တွေက ကားလိုင်စင်နံပါတ် စုံကိန်းမကိန်း ရွေးခြယ်တဲ့စနစ်ကိုသုံးပြီး၊ ဘေဂျင်းမြို့ လမ်းပေါ်က ကားတွေအားလုံးရဲ့ ထက်ဝက်ကို မောင်းနှင်ခွင့် ရပ်ထားဖို့ အမိန့်ထုတ်လိုက်ပါတယ်။ နေအိမ်ပြင်ပမှာ လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်း အားလုံးကို ရပ်ဆိုင်းထားရမှာဖြစ်ပြီး၊ မူလတန်းနဲ့အလယ်တန်းကျောင်းတွေကိုလည်း ပိတ်ထားဖို့ တိုက်တွန်းထား ပါတယ်။

အဆင့်လေးဆင့်ပါတဲ့ တရုတ်နိုင်ငံရဲ့ သတိပေးစနစ်မှာ အနီရောင်အဆင့်ဟာ အမြင့်ဆုံးဖြစ်ပြီး၊ ပြင်းထန်တဲ့ မြူခိုး ထူထပ်မှုတွေ အနည်းဆုံး ၇၂ နာရီအထိ ကြာမြင့်မယ့် အခြေအနေရှိမှသာ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒီအမိန့်ဟာ အင်္ဂါနေ့ မနက်ကနေစတင်ပြီး၊ ရာသီဥတု အေးလာ တာနဲ့အမျှ မြူခိုးထူထပ်မှု ကျဆင်း သွားမယ်လို့ ခန့်မှန်းထားတဲ့ ကြာသပတေးနေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာဟာ ပဲရစ်မြို့ ကမ္ဘာ့ရာသီဥတု ညီလာခံမှာ တရုတ် သမ္မတ ရှီကျင့်ပင်က ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းရေး ဆောင်ရွက် သွားဖို့ အခိုင်အမာ ကြိုးစားသွားမယ်လို့ ထုတ်ပြန်ပြောဆိုမှုနဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG