သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက်အငြင်းပွားမှု ဗီယက်နမ်နဲ့ဖိလစ်ပိုင်ကို တရုတ်တုံ့ပြန်


ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Wang Min
ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Wang Min
သောကြာနေ့ကလုပ်ခဲ့တဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေရဲ့ ၂၄ ကြိမ်မြောက် အစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက် အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေကို တရုတ်တို့က အပြင်းအထန် တုံ့ပြန်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲက တရုတ်တို့ရဲ့ Xisha ကျွန်းတွေပတ်လည် ရေပြင်မှာ တရုတ်ရဲ့ အမှတ် ၉၈၁ ရေနံတူးစင်ကို ရန်လို နှောင့်ယှက်တယ်ဆိုတဲ့ ဗီယက်နမ်ရဲ့ မကြာသေးခင်က လုပ်ရပ်တွေအပေါ် ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် Wang Min က အစည်းအဝေးအတွင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

တရုတ်ရဲ့အချုပ်အခြာအာဏာပိုင်မှုကို လေးစားလိုက်နာပြီး တင်းမာမှုလျော့စေဖို့ ရန်လိုတဲ့လုပ်ရပ်တွေကို ရပ်ပစ်ပါလို့ Wang က ဗီယက်နမ်ကို တိုက်တွန်းခဲ့ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပြင်ပိုင်နက် အငြင်းပွားမှုနဲ့ပတ်သက်လို့တော့ တရုတ်တို့ရဲ့ Nansha ကျွန်းတွေထဲက တချို့ကို ဖိလစ်ပိုင်က တရားမဝင် သိမ်းပိုက်ထားပြီး သူတို့ရဲ့ရန်စတဲ့လုပ်ရပ်ကို တရားဝင်ဖြစ်စေဖို့ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှု တခု ဖြစ်အောင် ကြိုးစားနေတယ်လို့ Wang က ပြောခဲ့ပါတယ်။
XS
SM
MD
LG