သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်းဝေေ၀ရဲ့ အနုပညာပြပွဲ ထိုင်ဝမ်မှာကျင်းပ


အိုင်းဝေေ၀ရဲ့ အနုပညာပြပွဲ ထိုင်ဝမ်မှာကျင်းပ

တရုတ်အစိုးရနဲ့ သဘောထားကွဲလွဲတဲ့ အနုပညာရှင် အိုင်းဝေေ၀ (Ai Weiwei) ဟာ ဘေကျင်းမြို့တော်က ထွက်ခွာခွင့်မရဘူး ဆိုပေမဲ့လည်း သူ့ရဲ့အနုပညာပြပွဲ အသစ်တစ်ခု ထိုင်ဝမ်မှာဖွင့်ပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီပြပွဲရဲ့ခေါင်းစဉ်ကတော့ “ပျက်ကွက်ခြင်း” လို့ အမည်ရပြီး တိုင်ပေမြို့က အနုပညာပြတိုက်တစ်ခုမှာ ဒီကနေ့ တရားဝင် ဖွင့်လှစ်ပါလိမ့်မယ်။

သူရဲ့အနုပညာလက်ရာ ၂၁ ခု ပြသထားမှာပါ။ အဲဒီအထဲမှာ ဘေကျင်းမြို့မှာရှိတဲ့ တီယင်နန်မင် ယင်ပြင်မှာ မဖွယ်မရာလုပ်နေသူတစ်ဦးရဲ့ ဓါတ်ပုံတစ်ခုနဲ့ စက်ဘီး အစီးတစ်ထောင်နဲ့ ဆက်စပ်ပြုလုပ်ထားတဲ့ အနုပညာ လက်ရာတွေလည်း ပါဝင်ပါလိမ့်မယ်။

ဒီပွဲဟာ တရုတ်နိုင်ငံ အပြင်ဘက်မှာရှိတဲ့ တရုတ်အသိုင်းအ၀ိုင်းအတွင်းမှာ ကျင်းပတဲ့ အိုင်းဝေေ၀ရဲ့ အကြီးဆုံးပြပွဲပါ။ အနုပညာရှင်ကိုယ်တိုင် ဒီပွဲကို မတက်ရောက်နိုင်ဘဲ ပျက်ကွက်နေတာကပဲ ဒီပွဲရဲ့ထူးခြားတဲ့အဓိပ္ပါယ်ပါပဲလို့ အိုင်းဝေေ၀ကပြောပါတယ်။

XS
SM
MD
LG